The Memory of a Killer
အန်ဂျလို လဲဒါဟာ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။ အခုတော့ အသက်ကြီးလာတဲ့အပြင် အယ်လ်ဇိုင်းမားရောဂါဒဏ်ကို ခံနေရလို့ အနားယူဖို့ စဉ်းစားနေပြီ။ မှတ်ဉာဏ်တွေ လျော့ပါးလာတဲ့ အခြေအနေနဲ့အတူ သူ့အလုပ်ကို ဆက်လုပ်ဖို့ကလည်း ခက်လာပါတယ်။ အနားမယူခင် ဘယ်လ်ဂျီယံနိုင်ငံကို သွားပြီး လူသတ်ပေးဖို့ အလုပ်တစ်ခု ရောက်လာတယ်။ နောက်ဆုံးတစ်ခေါက်အနေနဲ့ လုပ်ပေးဖို့ တောင်းဆိုတာကြောင့် အန်ဂျလိုက လက်ခံလိုက်ပါတယ်။ လူသတ်သမားဆိုပေမယ့် အန်ဂျလိုမှာ သူ့စည်းမျဉ်းနဲ့သူ ရှိတယ်။ အသက် ၁၃ နှစ်အောက် ကလေးတွေကို မသတ်သလို ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်တာနဲ့ အကြမ်းဖက်တာတွေကိုလည်း လက်မခံပါဘူး။ ဒါပေမယ့် နောက်ဆုံးအလုပ်ဆိုပြီး လက်ခံလိုက်တဲ့အမှုမှာ ကလေးတစ်ယောက်ကို သတ်ပေးရမယ့် အခြေအနေ ဖြစ်လာတယ်။ အလုပ်အပ်သူတွေကလည်း ဘယ်လ်ဂျီယံမှာ အာဏာရှိတဲ့ ထိပ်တန်းနိုင်ငံရေးသမားမိသားစု ဖြစ်နေပါတယ်။ အန်ဂျလိုက သူ့စည်းမျဉ်းကို ဖောက်ဖျက်မလား၊ ဒီအလုပ်ကို ဘယ်လိုဆက်လုပ်မလဲဆိုတာအပြင် ရောဂါဒဏ်နဲ့ လူသတ်သမားဘဝကို ဘယ်လိုရင်ဆိုင်မလဲဆိုတာပါ ဆက်ပြထားပါတယ်။ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒတ်ခ်ျဘာသာစကားပြော အက်ရှင်၊ မှုခင်းဒရာမာ ရုပ်ရှင်ပါ။
ဇာတ်လမ်းအကြောင်း