ဇာတ်ကားများ ရွေးရန်

Exam

2009ဇာတ်ကားအမှတ် 6.7/1097 မိနစ်

2010 ကထွက်တဲ့ Deadpoolမင်းသား Ryan Reynolds သရုပ်ဆောင်ထားတဲ့ Buriedဆိုတဲ့ကားလေးကိုလဲ ကြည့်ဖူးကြမှာပေါ့.... ပြသချိန် ၁နာရီခွဲခန့်ရှိတဲ့ ဇာတ်ကားတစ်ကားလုံးကို အခေါင်းလေးတစ်လုံးထဲမှာပဲ လှည့်ပတ်ရိုက်ပြသွားတယ် အခုဒီ Exam ဆိုတဲ့ကားလေးလဲ အဲ့လိုမျိုးပါပဲအခန်းလေးတစ်ခန်းထဲမှာပဲ တစ်ကားလုံးပြီးသွားတာပါ 2009 ကထွက်ခဲ့တဲ့ ဒီindieကားလေးဟာ 600,000 USD သာ ကုန်ကျခဲ့ပါတယ်.... တစ်ကားလုံးကို အခန်းလေးတစ်ခန်းထဲမှာပဲပြီးသွားခဲ့ပေမဲ့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒီကားလေးဟာ ဆုတွေလဲ ဆွတ်ခူးခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်...... တစ်ကမ္ဘာလုံးမှာ ကူးစက်ရောဂါတစ်မျိုး ကပ်ရောဂါအသွင်ဖြစ်ပွားနေချိန်လူတွေက ရောဂါအကူးမခံရဖို့ကိုသာ အာရုံစိုက်နေရပြီး အလုပ်အကိုင်တွေလဲရှားပါးလာတဲ့အခြေအနေမျိုးမှာကုမ္ပဏီတစ်ခုက အလုပ်ခေါ်တဲ့အကြောင်းလေးပါ.... အလုပ်လိုချင်တဲ့လူပေါင်းမြောက်များစွာထဲကမှ နောက်ဆုံးစကာတင် ရှစ်ယောက်ပဲကျန်တယ်.... အဲ့ရှစ်ယောက်ကို နောက်ဆုံးစမ်းသပ်မှုတစ်ခုထပ်ဖြေခိုင်းတယ်သတ်မှတ်ထားတဲ့စည်းကမ်းချက် ၃ချက်ထဲရှိတယ် စည်းကမ်းဖောက်ရင် အထုတ်ခံရမယ်..ဖြေဖို့သတ်မှတ်ချိန် မိနစ် ၈၀ပေးထားတယ် သူတို့အတွက်စားပွဲပေါ်မှာပေးထားတာက ခဲတံလေးတစ်ချောင်းစီနဲ့ စာရွက်တစ်ရွက်စီအားလုံးက မေးခွန်းစာရွက်လို့ထင်နေပေမဲ့ တကယ်တမ်း စဖြေလို့ရပါပြီဆိုတဲ့အချိန်မှာ ကြည့်လိုက်တော့စာရွက်က အလွတ်ကြီး! အဲ့တော့ ဘာကိုဖြေခိုင်းတာလဲ? သာမန်စာမေးပွဲလို စာရေးရမှာမဟုတ်ရင် ဘာတွေလုပ်ရမှာလဲ? ဘာလို့ဒီကုမ္ပဏီက အလုပ်လေးတစ်ခုခန့်ဖို့ကို အဲ့လောက်ထိရှုပ်ထွေးနေရတာလဲ? သာမန်ရွေးချယ်မှုလေးမဟုတ်ရင် ဒီအလုပ်က ဘယ်လောက်အထိတောင် အရေးကြီးနေလို့လဲ? အဲ့ကုမ္ပဏီကလဲ အမှန်တကယ်က ဘာကုမ္ပဏီလဲ? ရှစ်ယောက်ထဲကဘယ်သူက လျှို့ဝှက်ချက်တွေကိုဖော်နိုင်ပြီး အလုပ်ရသွားမလဲ? ပြသချိန် ၁နာရီနဲ့ မိနစ်၄၀ခန့်ကို ဘယ်လိုကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဇာတ်လမ်းထဲမှာမျောသွားပြီး မထတမ်းကြည့်ရလိမ့်မယ်ဆိုတာကို ကျွန်တော်အာမခံရဲတယ်..... IMDb 6.9, Rotten Tomatoes 63% ရထားပါတယ် အမှန်က rating တွေက အဲ့ထက်ပိုရသင့်တယ်လို့တောင် မြင်မိပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူ ကတော့ Tu Nay Win ပါ ) File Size : (650 MB) and (250 MB) Quality : Bluray720p Running Time : 1hr 41minutes Format : Mp4 Genre : Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated By Tu Nay Win Encode By Thanhtike Zaw

ဇာတ်လမ်းအကြောင်း