ဇာတ်ကားများ ရွေးရန်

Faceless

2024ဇာတ်ကား120 မိနစ်

Faceless (2024) ကာဘူရာဂီလို့ခေါ်တဲ့ ကောင်လေးဟာ တစ်မိသားစုလုံးကို သတ်တဲ့အမှုနဲ့ တရားစွဲဆိုခံရပြီး သေမိန့်ကျခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူဟာ အပြောင်းအရွှေ့ ကာလအတွင်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့ တစ်တိုင်းပြည်လုံးလှည့်လည်ကာ ပုန်းလို့နေခဲ့ပါတယ်။ ဒီလို ပုန်းအောင်းနေစဉ်အတွင်းမှာပဲ အန်ဒို, ကာဇူယ, မိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာဘူရာဂီကို ဖမ်းဖို့အတွက် စုံထောက်ကြီး မာတနုကိကလည်း ကြိုးစားပမ်းစား ရှာဖွေလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ ကာဘူရာဂီ ထွက်ပြေးလွတ်မြောက်သွားတာ ရက်ပေါင်း ၄ရာကျော် ရှိလာပေမဲ့လည်း ကာဘူရာဂီရဲ့ အစအနလေးတောင် ရှာလို့မတွေ့ခဲ့ပါဘူး။ ကာဘူရာဂီဟာ ပြစ်မှုကျူးလွန်ပြီးကတည်းက လွတ်မြောက်အောင် ထွက်ပြေးနိုင်ပါလျက် သေမိန့်ကျပြီးခါမှဘာလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလဲ ........ ကာဘူရာဂီကရော တကယ်တမ်း ဘယ်သူဖြစ်နေမလဲ ..... သူ့မှာ ဘာပလန်တွေရှိနေမလဲ ...... ဆိုတာကို ကြည့်ရှုရမဲ့ ဂျပန် Thriller အလန်းစားကားလေးဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~Star~Yunni တို့ပဲ ဖြစ်ပါတယ်) File size… 1.78 GB / 726 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo~Cym~Star~Yunni

ဇာတ်လမ်းအကြောင်း