ဇာတ်ကားများ ရွေးရန်

Oshana

2024ဇာတ်ကား149 မိနစ်

Oshana (2024) "အချစ်မည်၏" ဘူတာရုံပလက်ဖောင်းက ခုံတန်းလျားလေးမှာ ထိုင်ပြီးပြုံးနေတဲ့အဘိုးကြီးကိုဘာလို့ပြုံးနေပါလိမ့်ဆိုတာ သိချင်စိတ်နဲ့ ဂျွန်တစ်ယောက် မေးကြည့်တာပေါ့။ အဘိုးကြီးက ဒီလိုရှင်းပြတယ်။ သူငယ်ငယ်က ကောလိပ်ကျောင်းတစ်ခုရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ လက်ဖက်ရည်ရောင်းခဲ့တာ။ တစ်နေ့ နတ်သမီးလေးလိုလှတဲ့ ကျောင်းသူလေးတစ်ယောက် သူ့ဆိုင်မှာလာသောက်တာပေါ့။ လာသောက်တိုင်းလည်း ချစ်ခြင်းမေတ္တာအပြည့်နဲ့ သူဖျော်ပေးတဲ့ လက်ဖက်ရည်ကိုသောက်ရင်း ကျောင်းသူလေးက သူ့ချစ်ခြင်းမေတ္တာကိုခံစားသွားမိပါရောတဲ့။ တစ်နေ့တော့ ကျောင်းသူလေးက သူ့ကိုချစ်လားလို့မေးသတဲ့။ တစ်နေ့လုပ်လို့ တစ်နေ့နပ်မမှန်တဲ့သူ့ဘ၀ကြောင့် လက်ဖက်ရည်ရောင်းတဲ့ကောင်လေး ဘာမှပြန်မဖြေခဲ့နိုင်ဘူးတဲ့။ ဒါပေမဲ့ အဲဒီအပြုံးလေးကို ပြန်တွေးတိုင်း ကျေနပ်တဲ့စိတ်နဲ့ သူပြုံးနေခဲ့တာပေါ့။ ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ဂျွန်ရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်။ တစ်ပုဒ်တော့မဟုတ်ဘူး အချစ်ဇာတ်လမ်းတွေ။ ဘယ်ရထားမှာမှ မလွဲခဲ့ဘဲ ချစ်ရတဲ့ကောင်မလေးကို ရထားပေါ်မှာတွေ့ပြီး လွဲခဲ့ရတဲ့ ဂျွန်။ ဒီရထားမှာ ဂျွန်တစ်ယောက်လွဲခဲ့ပြီး ဘယ်လောက်ထိလွဲမလဲဆိုတာ ဒီအိန္ဒိယတောင်ပိုင်းအချစ်ဇာတ်လမ်းလေးမှာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 1.6 GB / 923 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း