ဇာတ်ကားများ ရွေးရန်

Identity

2003ဇာတ်ကားအမှတ် 7.2/1090 မိနစ်

Identity(2003) IMDb....7.3,,,,Rotten.....62% သရဲကားတော့မဟုတ်ပါဘူး ဒါပေမယ့် Thriller ပါ လုံးဝအာရုံအပြည့်အဝစူးစိုက်ပြီးကြည့်ရလောက်အောင် ဆွဲခေါ်သွားမယ့်ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့ Nevada မှာရှိတဲ့ Motel တစ်ခုမှာ မုန်တိုင်းဒဏ်ကြောင့် သောင်တင်ကြတဲ့ လူ ၁၀ယောက်ရှိပါတယ်... ဒါပေမယ့်အဲ့၁၀ယောက်အတွက် ကပ်ဆိုးကြီးတစ်ခုက ဆိုက်ရောက်လာတယ်... အဲ့ဒါကတော့ ထူးဆန်းစွာပဲ၁ယောက်ပြီး၁ယောက်အသတ်ခံရတာပါ... ခင်ဗျားတို့ကိုယ်တိုင် ဘယ်သူသတ်တယ် ...ဘယ်သူက ကြံစည်နေတယ်ဆိုတာကိုတော့ အဖြေရှာကြည့်လိုက်ပါ..... Spoiler ဖြစ်သွားမှာစိုးလို့ဆက်ပဲကြည့်ကြပါလို့ အဲပြီးတော့တစ်ခုလောက်ပြောပြဦးမယ် "As I was walking up the stairs, I met a man who wasn't there. He wasn't there agian today. I wish, I wish he'd go away." ဒီစာသားလေးကအခုနေမြင်ရဖတ်ရတာတော့သာမန်လိုပဲဖြစ်နေပေမယ့် တကယ်တမ်းကတော့ ဒီစာသားက Canda ရဲ့ Antigonish Nova Scotia မြို့လေးမှာရှိတဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက လှေကားနားက လူတစ်ယောက်အကြောင်းကို William Hughes Mearns ရေးသားထားတဲ့ နာမည်ကြီးကဗျာထဲကစာသားလေးပါ... ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့အခါ သာမန်ကဗျာစာသားကနေ ဒီစကားကိုကြားတိုင်းကြားတိုင်း ကျောချမ်းလောက်တဲ့အထိကိုဖြစ်စေတာပါ... ဇာတ်ကားကြည့်ပြီးခံစားနေတုန်းခပ်ကြမ်းကြမ်းနှလုံးခုန်သံတွေထွက်ပေါ်လာတာကို နှစ်ခြိုက်သူတွေအတွက်  ထွေးပွေ့ထားသင့်တဲ့ Thriller ကားပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  ညီမငယ် JtheKoala  ပဲဖြစ်ပါတယ်... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Thriller,Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by  JtheKoala Encoded by Phyo Pyae

ဇာတ်လမ်းအကြောင်း