Usogui
ကာကဲရိုကလပ်ဟာ လောင်းကြေးကြီးတဲ့ လောင်းကစားပွဲတွေကို ကြီးကြပ်ပေးတဲ့ အဖွဲ့အစည်းတစ်ခုပါ။ လောင်းပြီးမှ ထွက်ပြေးချင်သူတွေ လွတ်မသွားအောင် လိုအပ်ရင် လူသတ်တဲ့အထိ လုပ်တတ်ကြတယ်။ သူများတွေရဲ့ မုသားနဲ့လှည့်ဖျားမှုတွေကို ဖော်ထုတ်ရာမှာ ကျွမ်းကျင်တဲ့ မာဒါရာမဲ ဘာကူကတော့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်နေရာကို ရဖို့ ကိုယ့်အသက်ကိုပါ လောင်းကြေးထပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ရဲ့ လှည့်ဖျားမှုကို ရှုံးနိမ့်ပြီး အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသလို အသင်းဝင်အဖြစ်ကနေပါ ပယ်ထုတ်နှင်ချခံခဲ့ရတယ်။ အချိန်တစ်ခုကြာတော့ ကာကဲရိုကလပ်အဖွဲ့ဝင်တွေကို စိန်ခေါ်တဲ့ သိပ္ပံပညာရှင် ဆာဒါကူနီ ပေါ်လာပါတယ်။ ဘာကူလည်း ခေါင်းဆောင်ကို ထပ်စိန်ခေါ်နိုင်ဖို့ တိုကျိုကို ပြန်လာရင်း ကံကောင်းတတ်တဲ့ ကာဂျီ တာကာအိုမီနဲ့ ဆုံတွေ့ခဲ့တယ်။ သူတို့နှစ်ယောက်၊ ဆာဒါကူနီနဲ့ ကာကဲရိုကလပ်ကြား ဘယ်လိုဆက်နွယ်မှုတွေ ရှိနေမလဲ။ အသက်ကိုပါ လောင်းကြေးထပ်ရတဲ့ ကစားပွဲတွေမှာ ဘာကူက မုသားတွေကို ဘယ်လိုဖော်ထုတ်ပြီး ခေါင်းဆောင်နေရာကို ထပ်ကြိုးစားယူမလဲဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း