ဇာတ်ကားများ ရွေးရန်

The Losers

2010ဇာတ်ကားအမှတ် 6.3/1097 မိနစ်

The Losers (2010) IDMb Rating (6.2) ဒီရုပ်ရှင်ကားက DC Comics ရဲ့ Vertigo အင်ပရင့်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ကောမစ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ Jeffrey Dean Morgan, Idris Elba, Zoe Saldana နဲ့ Chris Evans တို့လို ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေခေါင်းဆောင်ပါဝင်ထားပြီး တစ်ကားလုံး အမိုက်စားအက်ရှင်တွေ၊ ဟာသတွေနဲ့ ခပ်စားစား ရိုက်ချက်တွေအပြည့်နဲ့မို့ ဖျော်ဖြေရေးအပြည့်အ၀ပေးနိုင်တဲ့ ဇာတ်ကားပါ။ တစ်နှစ်တည်း အတူထွက်ရှိခဲ့ပြီး ပိုပေါက်ခဲ့တဲ့ The A-Team (2010) ရဲ့အရှိန်အဝါကိုမကျော်နိုင်ခဲ့ပေမယ့် A-Team ကိုကြိုက်ရင် ဒီကားကိုလည်းကြိုက်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့.... အမေရိကန် အထူးတပ်ဖွဲ့ရဲ့ ထိပ်တန်းအထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ဟာ ဘိုလီးဗီးယားတောအုပ်ထဲမှာရှိတဲ့ မူးယစ်ဂိုဏ်းချုပ်တစ်ယောက်ကို ရှင်းလင်းဖို့ မစ်ရှင်နဲ့ စေလွှတ်ခြင်း ခံရပါတယ်။အဖွဲ့ခေါင်းဆောင် Clay နဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Roque, Jensen, Pooch, နဲ့ Cougar တို့ဟာ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ကလေးသူငယ်တွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခံရတဲ့အခါ ငြင်းဆန်ပြီး ကလေးတွေကို ကယ်ထုတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့ရဲ့ နောက်ကွယ်က ကြိုးကိုင်သူ Max ဆိုသူက သူတို့အဖွဲ့ကို သစ္စာဖောက်ပြီး ကလေးတွေကို တင်ဆောင်ထားတဲ့ ဟာလီကော့ပတာကို ပစ်ခွဲကာ Clay တို့အဖွဲ့ကိုပါ သေဆုံးသွားပြီလို့ ကမ္ဘာကို လိမ်ညာလိုက်ပါတယ်။အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ နိုင်ငံမဲ့၊ အထောက်အထားမဲ့ဖြစ်ပြီး ဘိုလီးဗီးယားမှာ သောင်တင်နေတဲ့ သူတို့အဖွဲ့ဆီကိုပဟေဠိဆန်တဲ့ အမျိုးသမီးငယ်တစ်ယောက်ဖြစ်တဲ့ Aisha ရောက်လာပြီး မက်စ်ကိုကလဲ့စားချေဖို့နဲ့အမေရိကန်ကို ပြန်နိုင်ဖို့ ကူညီမယ်လို့ကမ်းလှမ်းလာချိန်မှာတော့ အကြမ်းစား မစ်ရှင်တွေတစ်ခုပြီးတစ်ခုနဲ့ မဟာရန်သူတော်ကြီး မက်စ်ကို ကလဲ့စားချေဖို့ပြင်ဆင်ကြတဲ့အခါမှာတော့......။ File Size : (2.8 GB) / (1.3 GB) Quality : Blu-Ray 1080p HEVC / 720p Format…mkv/ mp4 Duration…01:37:00 Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း