ဇာတ်ကားများ ရွေးရန်

Girl Picture

2022ဇာတ်ကားအမှတ် 6.9/10102 မိနစ်

ဖင်လန်ဇာတ်ကား Girl Picture က ရင်းနှီးတဲ့ မိန်းကလေးသုံးယောက် ကိုယ့်အခက်အခဲနဲ့ကိုယ် ရင်ဆိုင်နေရပုံကို အလှည့်အပြောင်းကြီးတွေမပါဘဲ အေးအေးဆေးဆေး ပြထားပါတယ်။ မင်မီက ငယ်ငယ်တုန်းက အမေတစ်ခု သမီးတစ်ခု နေခဲ့ရပြီး အမေ့အချစ်တွေအားလုံး ရခဲ့သူပါ။ အမေက အချစ်သစ်နဲ့တွေ့ပြီး သားလေးတစ်ယောက် မွေးလာတဲ့နောက်မှာတော့ မင်မီက အပြင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ နေနေတယ်။ အပြင်ပန်းမှာ မာကြောသလို ဟန်ဆောင်ထားပေမယ့် စိတ်ဖိစီးမှုတွေကို ခံစားနေရပါတယ်။ ရွန်ကိုကတော့ ပျော်ပျော်နေတတ်သူဖြစ်ပေမယ့် လိင်ဆက်ဆံရာမှာ သူမျှော်လင့်သလို စိတ်ကျေနပ်ပြည့်ဝမှု မရဘူး။ တခြားသူတွေလို ခံစားပျော်ရွှင်နိုင်ချင်လို့ ပါတီတွေကို အခါအားလျော်စွာ သွားရင်း သူ့အတွက် ခံစားချက်အစစ်အမှန် ရစေမယ့်သူကို ရှာနေပါတယ်။ အမ်မာက ရေခဲပြင်စကိတ်အလှစီးအားကစားကို တစ်ဘဝလုံး လေ့ကျင့်လာသူပါ။ သူ့ပန်းတိုင်တစ်ခုဖြစ်တဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ နီးလာမှ အမှားတွေ ဆက်တိုက်လုပ်မိနေတာကြောင့် ဒီအားကစားကိုပဲ စွန့်လွှတ်ရတော့မလား စဉ်းစားနေတယ်။ သူတို့သုံးယောက်ရဲ့ဘဝတွေ ဘယ်လိုဆက်နွယ်ပြီး ကြုံနေရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဇာတ်လမ်းမှာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း