Savages
အို၊ ဘန်နဲ့ ချောင်တို့ဟာ အတူနေကြတဲ့ ချစ်သူသုံးယောက်ပါ။ အိုက ဘန်နဲ့ရော ချောင်နဲ့ပါ ချစ်သူတွေဖြစ်နေပြီး သုံးယောက်ကြားမှာ အချစ်ကို အပြိုင်လုနေကြတာမျိုး မရှိဘူး။ သူတို့ရဲ့ အဓိကစီးပွားရေးက အရည်အသွေးကောင်းတဲ့ ဆေးခြောက်တွေ စိုက်ပျိုးရောင်းချတာပါ။ ဘန်က ရုက္ခဗေဒနဲ့ စီးပွားရေးပညာ တတ်ထားသူဖြစ်ပြီး ချောင်ကတော့ အမေရိကန်အထူးတပ်သားဟောင်းတစ်ယောက် ဖြစ်ပါတယ်။ သူတို့ရဲ့ အေးအေးဆေးဆေးဘဝထဲကို ဘာဟာဆိုတဲ့ မက္ကဆီကိုမူးယစ်ဂိုဏ်းကြီး ဝင်လာတဲ့အခါ အခြေအနေတွေ ပြောင်းသွားတယ်။ ဂိုဏ်းက သူတို့ရဲ့ ဆေးခြောက်ထုတ်လုပ်ပုံကို သဘောကျပြီး ဒီပညာကို သိမ်းပိုက်ချင်နေတာပါ။ ညှိနှိုင်းဖို့ ကမ်းလှမ်းရာမှာတောင် လူခုနစ်ယောက်ကို ခေါင်းဖြတ်ထားတဲ့ ဗီဒီယိုနဲ့ ခြိမ်းခြောက်လာတယ်။ ဘန်တို့ဘက်က တတ်နိုင်သလောက် ညှိကြပေမယ့် အဆင်မပြေတဲ့အဆုံး ဂိုဏ်းက အိုကို ပြန်ပေးဆွဲပြီး အကျပ်ကိုင်လိုက်ပါတယ်။ ပညာရှင်ဘန်နဲ့ စစ်ပြန်ချောင်တို့က အတွေ့အကြုံရင့်တဲ့ မူးယစ်ဂိုဏ်းကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ လက်ဦးမှုယူနိုင်ကြမလားဆိုတာ ဆက်ကြည့်ရမှာပါ။ မူးယစ်ဆေးဝါးတွေ ဘာကြောင့် မပပျောက်နိုင်သလဲ၊ နှိမ်နင်းဖို့ တာဝန်ရှိတဲ့ ရဲတွေကရော ဘာလုပ်နေကြသလဲဆိုတဲ့ မေးခွန်းတွေကိုလည်း ဇာတ်လမ်းထဲမှာ ထည့်ထားပါတယ်။
ဇာတ်လမ်းအကြောင်း