ဇာတ်ကားများ ရွေးရန်

Blue Velvet

1986ဇာတ်ကားအမှတ် 7.6/10120 မိနစ်

ဖခင် ရုတ်တရက် လေဖြတ်သွားလို့ နယ်မြို့လေးကို ပြန်လာတဲ့ ကောလိပ်ကျောင်းသားတစ်ယောက် နားရွက်ပြတ်တစ်ဖက်ကို ကောက်ရမိပါတယ်။ အဲဒီကနေ စူးစမ်းလိုစိတ်နောက် လိုက်မိရင်း လျှို့ဝှက်ချက်တွေထဲ တစ်စတစ်စ ကျွံဝင်လာပြီး သူတစ်ခါမှ မမြင်ယောင်ဖူးတဲ့ ကမ္ဘာတစ်ခုဆီ ရောက်သွားတယ်။ အပြင်ပန်းမှာ အပြစ်ကင်းပြီး အေးချမ်းသလိုရှိတဲ့ အမေရိကန်မြို့ငယ်လေးရဲ့ အမှောင်ခြမ်းကို David Lynch က ဒီရုပ်ရှင်မှာ ဖော်ပြထားပါတယ်။ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုနဲ့ အကြမ်းဖက်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြသထားသလို အဓိပ္ပာယ်ဆောင်တဲ့ သင်္ကေတတွေကိုလည်း အများကြီး အသုံးပြုထားတယ်။ စိတ်ကူးနဲ့ လက်တွေ့ ရောယှက်နေတဲ့ surrealism ဟန်၊ မှောင်မိုက်တဲ့ မှုခင်းလောကကို တင်ပြတဲ့ neo-noir ဟန်တို့နဲ့ ရိုက်ကူးထားတာပါ။ Blue Velvet ဆိုတဲ့အမည်ကတော့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Bobby Vinton ရဲ့ သီချင်းကနေ ယူထားတာဖြစ်ပါတယ်။ ဒီသီချင်းရဲ့ ခံစားမှုဟန်က ဒါရိုက်တာ ဇာတ်လမ်းရေးဖို့ စိတ်ကူးရချိန်နဲ့ ဆက်စပ်နေသလို ရုပ်ရှင်ထဲမှာလည်း အဓိကနေရာက အသုံးပြုထားတယ်။ တခြားသီချင်းတွေလည်း ပါဝင်ပါတယ်။ ဒီကားကို ၁၉၈၀ ပြည့်နှစ်များရဲ့ ထင်ရှားတဲ့ ရုပ်ရှင်တစ်ကားအဖြစ် သတ်မှတ်ကြသူတွေရှိသလို လိင်နဲ့ အကြမ်းဖက်မှုကို အလွန်အမင်း အသုံးပြုထားလို့ အနုပညာတန်ဖိုး လျော့သွားတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ တချို့ဝေဖန်ရေးဆရာတွေကတော့ ညစ်ညမ်းရုပ်ရှင်လို့တောင် သတ်မှတ်ခဲ့ကြတယ်။

ဇာတ်လမ်းအကြောင်း