ဇာတ်ကားများ ရွေးရန်

The Good Nurse

2022ဇာတ်ကားအမှတ် 7.0/10121 မိနစ်

ပါ့ခ်ဖီးဆေးရုံကို ချာလီဆိုတဲ့ အမျိုးသားသူနာပြုတစ်ယောက် အလုပ်လာလုပ်တဲ့အခါ သူနာပြုအေမီက ကူညီပေးရင်း သူတို့နှစ်ယောက် ရင်းနှီးလာကြပါတယ်။ အေမီဟာ ဆေးရုံမှာ လူချစ်လူခင်ပေါသူတစ်ယောက်ပေမယ့် ကိုယ်တိုင်က ကျန်းမာရေးမကောင်းဘူး။ ချာလီကလည်း သူထင်ထားတာထက် ဖော်ရွေသဘောကောင်းပြီး ဂရုစိုက်ပေးတဲ့အတွက် အလုပ်တွဲလုပ်လို့ အဆင်ပြေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာကြတယ်။ မကြာခင်မှာပဲ ဆေးရုံက လူနာတွေ ရုတ်တရက် သေဆုံးလာပါတယ်။ သေဆုံးမှုတွေကို စစ်ဆေးကြည့်တော့ အင်ဆူလင်ဆေးကြောင့်ဖြစ်နေတာ တွေ့ရလို့ ဆေးရုံဘုတ်အဖွဲ့က ရဲကို အကြောင်းကြားပြီး စုံစမ်းခိုင်းတယ်။ အထူးကြပ်မတ်ကုသဆောင်မှာ တာဝန်ကျတဲ့ သူနာပြုတွေကို စစ်ဆေးရင်း ချာလီဟာ ဆေးရုံကိုးခုမှာ အလုပ်လုပ်ခဲ့ဖူးကြောင်း သိလာရပါတယ်။ ချာလီက ဒီသေဆုံးမှုတွေနဲ့ ဆက်စပ်နေသလား၊ တရားခံက ဘယ်သူဖြစ်နိုင်မလဲဆိုတာ စုံစမ်းရတော့မှာပါ။ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Netflix က ထုတ်လွှင့်တဲ့ မှုခင်းဒရာမာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း