She Said
၂၀၁၇ ခုနှစ်ဝန်းကျင်မှာ ရုပ်ရှင်ထုတ်လုပ်သူ ဟာဗီဝိုင်းစတိန်းရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိမ်းမှုတွေအကြောင်း ဖော်ထုတ်ခဲ့တဲ့ သတင်းဟာ ဟောလိဝုဒ်ကနေ ကမ္ဘာတစ်ဝန်းအထိ ရိုက်ခတ်ခဲ့ပါတယ်။ She Said ကတော့ ဒီသတင်းနောက်ကွယ်မှာ စုံစမ်းဖော်ထုတ်ခဲ့ကြတဲ့ သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ရဲ့ ကြိုးပမ်းမှုကို အခြေခံထားတာပါ။ ဟာဗီဟာ Pulp Fiction၊ Kill Bill တို့လို နာမည်ကြီးရုပ်ရှင်တွေ ထုတ်လုပ်ခဲ့တဲ့ Miramax ကုမ္ပဏီကို တည်ထောင်သူဖြစ်ပြီး ရုပ်ရှင်လောကက သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ အဆက်အသွယ်များတဲ့ ဩဇာကြီးသူတစ်ယောက် ဖြစ်နေပါတယ်။ သူ့အကြောင်းကို ဖော်ထုတ်နိုင်ဖို့က သတင်းရင်းမြစ်တစ်ယောက်ကို မေးမြန်းလိုက်ရုံနဲ့ မပြီးပါဘူး။ ထိခိုက်ခံစားခဲ့ရသူတွေကို ငွေသန်းချီပေးပြီး ကျေအေးထားတာတွေ၊ အကြောင်းအရာတွေကို မထုတ်ဖော်ဖို့ လျှို့ဝှက်ချက်ထိန်းသိမ်းရေးစာချုပ်တွေ ချုပ်ထားတာတွေကြောင့် ကိုယ့်နာမည်နဲ့ ထွက်ပြောရဲသူတစ်ယောက်ရဖို့တောင် ခက်နေပါတယ်။ ဂျိုဒီနဲ့ မီဂန်တို့ဟာ ပြည်တွင်းမှာတင်မက လန်ဒန်နဲ့ ဝေလအထိ သွားရောက်ပြီး ခံစားခဲ့ရသူတွေကို လိုက်လံမေးမြန်းကြရတယ်။ တစ်ဖက်မှာလည်း တရားစွဲခံရနိုင်တဲ့အန္တရာယ်ကြောင့် ရှေ့နေတွေ၊ လုံခြုံရေးအကြံပေးတွေနဲ့ ဆက်တိုက်တိုင်ပင်နေရပါတယ်။ သူတို့ စုံစမ်းနေတဲ့အကြောင်းက လူတစ်ယောက်ရဲ့ လုပ်ရပ်တွေနဲ့တင် မပြီးဘဲ ဩဇာရှိသူတွေကို ကာကွယ်ပေးနေတဲ့ ကုမ္ပဏီတွေ၊ ရှေ့နေတွေနဲ့ စနစ်တစ်ခုလုံးဆီပါ ရောက်လာတယ်။ ဒီသတင်းနောက်ပိုင်းမှာ အမျိုးသမီး ၈၀ ကျော် ထွက်လာပြီး ဟာဗီကို စွပ်စွဲခဲ့ကြသလို #MeToo လှုပ်ရှားမှုလည်း ကမ္ဘာတစ်ဝန်း ပိုမိုအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်ထဲက လိင်အနိုင်ကျင့်မှုတွေကို ထုတ်ဖော်ပြောဆိုမှုတွေ များလာပြီး စည်းမျဉ်းနဲ့ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ ဒီစုံစမ်းဖော်ထုတ်မှုအတွေ့အကြုံနဲ့ ပတ်သက်တဲ့ အရောင်းရဆုံးစာအုပ်တွေလည်း ထွက်ရှိခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ ဘရက်ပစ် ပါဝင်ပြီး ဟာဗီရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရသူနဲ့ သတင်းထောက်တွေဆီ ထုတ်ဖော်ပြောပြခဲ့သူတချို့ကလည်း သူတို့ကိုယ်တိုင်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အဓိကသရုပ်ဆောင်တွေထဲက Carey Mulligan ဟာ Promising Young Woman နဲ့ An Education တို့အတွက် အော်စကာဆန်ကာတင် ဝင်ခဲ့ဖူးသူပါ။ နယူးယောက်တိုင်းမ်အယ်ဒီတာ Rebecca Corbett အဖြစ် ပါဝင်တဲ့ Patricia Clarkson ကလည်း Pieces of April နဲ့ အော်စကာဆန်ကာတင် ဝင်ခဲ့ဖူးပါတယ်။
ဇာတ်လမ်းအကြောင်း