ဇာတ်ကားများ ရွေးရန်

Ruslaan

2024ဇာတ်ကားအမှတ် 5.0/10140 မိနစ်

Ruslaan 2024 ရူစလန်ဆိုတဲ့ကောင်လေးဟာ အကြမ်းဖက်သမားတစ်ဦးရဲ့ သားတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေက ကျောင်းတစ်ကျောင်းကို ဗုံးဖောက်ခွဲဖို့လုပ်ရာကနေ ဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အကြမ်းဖက်သမားတစ်ယောက်ရဲ့ သားဖြစ်တဲ့အတွက် ဘယ်ဆွေမျိုးကမှ လက်မခံချင်တဲ့သူဟာ မိဘမဲ့ကျောင်းကို ရောက်လို့သွားပါတယ်။ မိဘမဲ့ကျောင်းကို ရောက်ခဲ့ပေမဲ့ အကြမ်းဖက်သမားရဲ့သားဆိုတဲ့ အမဲစက်ကြီးက ထင်ကျန်ရစ်နေတော့ မိဘမဲ့ကျောင်းမှာတောင် အနိုင်ကျင့်ခံနေရပါတယ်။ ဒီအချိန်မှာ သူ့အဖေကို ဖမ်းဆီးခဲ့တဲ့ အရာရှိကြီးဟာ ရူစလန်လေးရောက်နေတဲ့ မိဘမဲ့ကျောင်းက ကလေးတွေကို အမြဲလိုလို မုန့်တွေ လာဝယ်ကျွေးတတ်သူဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ရူစလန်လေးကိုတွေ့သွားပါတယ်။ အဲဒီအရာရှိကြီးဟာ ကလေးမရနိုင်တဲ့သူဖြစ်ပြီး ရူစလန်လေးကို သနားသွားတဲ့အတွက် မွေးစားဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရူစလန်လေးတစ်ယောက် ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာခဲ့ပြီး မွေးစားမိဘတွေဟာလည်း သားအရင်းတစ်ယောက်လို ချစ်ပေးကြရင်း ရူစလန်လေးကို အကြမ်းဖက်မှုတွေနဲ့ မပတ်သတ်ခိုင်းပဲ ဘဝကို‌ ပျော်ပျော်ပဲ နေခိုင်းခဲ့ပါတယ်။ သို့ပေမဲ့လည်း ငယ်ငယ်က ဒဏ်ရာတွေနဲ့ ရူစလန်တစ်ယောက်ဟာတော့ အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ဖို့အတွက် သတင်းနှိုက်ပေးရတဲ့အလုပ်ကို လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ မိဘတွေမသိအောင်လုပ်လို့နေပါတော့တယ်။ အဲဒီအေဂျင်စီရဲ့ စေခိုင်းမှုအရ ကောလိပ်ကျောင်းတစ်ကျောင်းကို သွားရောက်ပြီး အစွန်းရောက်ကျောင်းသားတွေကြားမှာ သတင်းနှိုက်ဖို့ဖြစ်လာရင်းနဲ့ပဲ ...... ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ခန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size… 2.6 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…2h 20min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း