ဇာတ်ကားများ ရွေးရန်

The Art of War

2000ဇာတ်ကားအမှတ် 5.7/10117 မိနစ်

Blade မင်းသား ပါဝင်ထားတဲ့ ဒီအက်ရှင်ကားမှာ နိုင်ငံတကာပဋိပက္ခတွေ ဖြစ်လာရင် UN က လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ဖြေရှင်းခိုင်းပါတယ်။ အဲဒီအဖွဲ့ကို ဦးဆောင်သူက နီးလ်ရှောပါ။ တရုတ်နဲ့ UN တို့ အရေးပါတဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ထိုးဖို့ နီးလာချိန်မှာ အမေရိကန်ဆိပ်ကမ်းတစ်ခုဆီ တရုတ်ဒုက္ခသည်တွေရဲ့ အလောင်းတွေအပြည့်ပါတဲ့ ကုန်တိန်နာတစ်လုံး သောင်တင်လာပါတယ်။ ဒီကိစ္စကို ထောက်လှမ်းဖို့ UN က နီးလ်ရှောတို့အဖွဲ့ကို စေလွှတ်လိုက်တယ်။ အစက သတင်းအချက်အလက်ရယူဖို့ပဲ ဖြစ်ပေမယ့် စုံစမ်းရင်း ပိုကြီးမားတဲ့ အရှုပ်အထွေးထဲ ရောက်သွားပါတယ်။ နီးလ်ရှောတစ်ယောက် တရုတ်နဲ့ အမေရိကန်ကြားက ဒီကိစ္စမှာ တရားခံအစစ်ကို လိုက်ရှာရပါတော့တယ်။

ဇာတ်လမ်းအကြောင်း