True Lies
Harry Tasker ဟာ ဇနီး Helen နဲ့ သမီးလေး Dana တို့နဲ့အတူ ဝါရှင်တန်ဒီစီရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်ပါတယ်။ လူတွေသိထားတာကတော့ သူဟာ ကွန်ပျူတာကုမ္ပဏီတစ်ခုရဲ့ အရောင်းကိုယ်စားလှယ်တစ်ယောက်ပါ။ တကယ်တမ်းမှာတော့ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို နှိမ်နင်းပေးရတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက အေးဂျင့်ဖြစ်နေပါတယ်။ အလုပ်ကြောင့် ဇနီးကို အချိန်ပေးမနေနိုင်တဲ့အခါ Helen ဟာ တဖြည်းဖြည်း အထီးကျန်လာပြီး Simon ဆိုတဲ့ ကားအရောင်းဝန်ထမ်းတစ်ယောက်နဲ့ ပတ်သက်လာတယ်။ ဒါကို ရိပ်မိသွားတဲ့ Harry က ဇနီးနဲ့ပတ်သက်နေသူကို စောင့်ကြည့်ဖို့ အဖွဲ့အစည်းရဲ့ လျှို့ဝှက်ကိရိယာကို ယူသုံးလိုက်ပါတယ်။ အိမ်ထောင်ရေးအတွက် ပူပန်နေရချိန်မှာပဲ နိုင်ငံကို ခြိမ်းခြောက်လာတဲ့ ပြဿနာကြီးတစ်ခုပါ ပေါ်လာတော့ Harry တစ်ယောက် နှစ်ဖက်စလုံးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း