ဇာတ်ကားများ ရွေးရန်

Suzume (aka) Suzume no Tojimari

2022ဇာတ်ကားအမှတ် 7.9/10121 မိနစ်4K

Suzume (2022) IMDb Rating (7.6) / Rotten Tomatoes (96%) နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with youတို့က သီချင်း​တွေကိုသီဆို​ပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူ​ပေးထားတာမလို့ ​ရှေ့နှစ်ကားက သီချင်း​တွေကြိုက်ခဲ့တဲ့သူ​တွေအတွက် အချို​ပေါ်သကာ​လောင်းသလိုဖြစ်​နေမှာ​သေချာပါတယ်။ ဝင်​ငွေပိုင်းအ​နေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်​ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အ​မေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထ​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအ​နေနဲ့ရပ်တည်​နေသလို anime films​တွေထဲမှာ အဌမ​​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအဖြစ်လည်း တည်ရှိ​နေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်​ငွေအ​ကောင်းဆုံးကား​တွေထဲမှာ ၁၄​နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ​ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ) ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ Suzumeဟာ အ​ဒေါ်နဲ့အတူ​နေထိုင်တဲ့ မိဘမဲ့တစ်​​ယောက်ပါ။ သူငယ်စဥ်တုန်းက အ​မေ​သေချိန်မှာ အ​မေကိုလိုက်ရှာရင်း ​လမ်း​ပျောက်သွားခဲ့ဖူးပြီး ဘာ​တွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တ​နေ့မှာ​တော့ ​ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်​ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့​နေရာကိုလိုက်ရှာ​နေ​ကြောင်း၊ တံခါးတစ်ချပ်အ​ကြောင်း​​မေးသွားခဲ့ပါတယ်။ ​နောက်​တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွား​လောက်တဲ့လူမရှိတဲ့​နေရာ​ဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကို​တွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာ​တော့...... File size…(3.9 GB) / (1.7 GB) / (900 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,Animation Duration….02:01:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Dr Nyan

ဇာတ်လမ်းအကြောင်း