ဇာတ်ကားများ ရွေးရန်

Deep Sea Escape

2022ဇာတ်ကားအမှတ် 1.0/1072 မိနစ်

အဏ္ဏဝါဇီဝဗေဒသုတေသီ ဇီရွှမ်းဟာ ရေပုတ်သင်ကြီးတစ်ကောင်ကို စမ်းသပ်လေ့လာနေတုန်း အဲဒီအကောင်မှာ ပြောင်းလဲမှုတွေ ဖြစ်လာပြီး လူတွေကို တိုက်ခိုက်ပါတော့တယ်။ ဇီရွှမ်းကတော့ တိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ သူ့အဖေဟာ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပါတယ်။ အဖေနဲ့ သူ့ကိုတိုက်ခိုက်ခဲ့တဲ့ ရေပုတ်သင်ကြီး ဘယ်မှာရှိနေလဲဆိုတာ စုံစမ်းဖို့ ဇီရွှမ်းဟာ သင်္ဘောတစ်စင်းနဲ့ ကျွန်းဆီ ထွက်လာခဲ့တယ်။ သင်္ဘောပေါ်က လူတွေကလည်း အကျင့်စရိုက် မတူကြသလို ကိုယ့်စိုးရိမ်ပူပန်မှုနဲ့ကိုယ်ပါ။ ခရီးလမ်းမှာတော့ ပုံစံလုံးဝပြောင်းလဲသွားပြီဖြစ်တဲ့ ရေပုတ်သင်ကြီးနဲ့ ထပ်တွေ့ကြရပြီး လိုက်ပါလာသူတချို့ ကျွန်းပေါ်ကို ထွက်ပြေးကြရပါတယ်။ ဇီရွှမ်းဟာ အဖေနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ရှာတွေ့နိုင်မလား။ ရေပုတ်သင်ကြီးရဲ့ ဗီဇပြောင်းလဲမှုအကြောင်းကိုရော စုံစမ်းဖော်ထုတ်နိုင်မလား။ အသက်ရှင်ကျန်နေသူတွေကို ကယ်ဆယ်ပြီး သူတို့အားလုံး ဒီနေရာကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

ဇာတ်လမ်းအကြောင်း