A Murder Erased
ပင်လယ်စာဆိုင်ဖွင့်ဖို့ ငှားထားတဲ့ ဆိုင်ခန်းကို ပြန်ပြင်နေတုန်း အောက်ထပ်လှေကားအောက်နားမှာ အပေါက်တစ်ပေါက် တွေ့သွားပါတယ်။ အစက ရေဆိုးမြောင်းပိုက်လို့ ထင်ခဲ့ပေမယ့် လူအရိုးတွေ ထွက်လာတဲ့အခါ အလောင်းတစ်လောင်း ဝှက်ထားတဲ့နေရာဖြစ်ကြောင်း သိလိုက်ရတယ်။ အလောင်းပိုင်ရှင်နဲ့ သေဆုံးရတဲ့အကြောင်းကို စုံစမ်းရာမှာ လွန်ခဲ့တဲ့ ရှစ်နှစ်က အသတ်ခံခဲ့ရသူဖြစ်ကြောင်း သိလာရပါတယ်။ DNA စစ်ဆေးမှုကနေ ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်ပေမယ့် ဘာကြောင့် သတ်ခံခဲ့ရသလဲဆိုတာကတော့ အဖြေမရသေးပါဘူး။ အမှုနဲ့ပတ်သက်မယ်လို့ ယူဆရသူတွေကရော သေဆုံးသူနဲ့ နီးစပ်သူတွေကပါ သူနဲ့ သူ့မိသားစုအကြောင်း မသိဘူးလို့ ပြောနေကြတယ်။ သူ့ဇနီးကလည်း အလောင်းမတွေ့ခင် သုံးနှစ်ကတည်းက ဆုံးသွားခဲ့ပါပြီ။ သတင်းမေးမြန်းလို့ရမယ့်သူတွေဘက်က အခုလို အတားအဆီးတွေ ရှိနေတဲ့ကြားမှာ ရှစ်နှစ်ကြာခဲ့ပြီဖြစ်တဲ့ လူသတ်မှုရဲ့ အကြောင်းရင်းနဲ့ တရားခံကို ဘယ်လိုလိုက်လံဖော်ထုတ်ကြမလဲဆိုတဲ့ ဟောင်ကောင်မှုခင်းဇာတ်လမ်းပါ။
ဇာတ်လမ်းအကြောင်း