Failan
ဘဝမှာ ဘာမှဖြစ်ဖြစ်မြောက်မြောက် မရှိလို့ လူမိုက်လုပ်နေသော်လည်း အဲဒီအလုပ်မှာတောင် နေရာမရတဲ့ လူတစ်ယောက် ရှိပါတယ်။ တစ်ဖက်မှာလည်း တရုတ်ပြည်မှာ အားကိုးစရာမရှိတော့လို့ ကိုရီးယားကို ရောက်လာတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်။ ကိုရီးယားမှာရှိတဲ့ အဒေါ်တွေက အမေရိကန်ကို ပြောင်းသွားကြပြီဖြစ်လို့ သူလည်း တစ်ယောက်တည်း ကျန်နေရစ်ပါတယ်။ အဲဒီမိန်းကလေး ကိုရီးယားမှာ နေထိုင်နိုင်ဖို့ အေဂျင်စီတစ်ခုက သူတို့နှစ်ယောက်ကို လင်မယားအဖြစ် မှတ်ပုံတင်ပေးထားတယ်။ ဒါပေမဲ့ သူတို့ဟာ မျက်နှာချင်းဆိုင် တစ်ခါမှ မဆုံဖူးကြပါဘူး။ တစ်ယောက်ကိုတစ်ယောက်တော့ တစ်ကြိမ်စီပဲ မြင်ဖူးကြပါတယ်။ သူတို့ကြားက အဆက်အစပ်က လက်ထပ်ထားတဲ့ စာချုပ်တစ်ခု၊ လည်စည်းနီလေးတစ်ထည်နဲ့ စာနှစ်စောင်ပါပဲ။ အခက်အခဲတွေကြားက ဒီလူနှစ်ယောက်ရဲ့ အချစ်အကြောင်းကို ဇာတ်လမ်းက ပြောပြထားပါတယ်။ Failan ဟာ Song Hae-sung ရိုက်ကူးထားတဲ့ ကိုရီးယားအချစ်ဒရာမာဖြစ်ပြီး ချွဲမင်ဆစ်နဲ့ ဟောင်ကောင်မင်းသမီး Cecilia Cheung တို့ ပါဝင်ထားပါတယ်။ Song Hae-sung က Calla၊ One Day နဲ့ Maundy Thursday တို့ကိုလည်း ရိုက်ကူးခဲ့သူပါ။ ချွဲမင်ဆစ်က Old Boy၊ Lady Vengeance နဲ့ I Saw The Devil တို့မှာ ကြမ်းတမ်းတဲ့ဇာတ်ရုပ်တွေ သရုပ်ဆောင်ခဲ့သလို ဒီကားနဲ့ The Quiet Family တို့မှာတော့ ဟာသဆန်တဲ့ ဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ထားပါတယ်။ Cecilia Cheung ကတော့ စတီဖင်ချောင်ရဲ့ King of Comedy နဲ့အတူ အောင်မြင်လာခဲ့သူဖြစ်ပြီး ဒန်နီရယ်ဝူ၊ အန်ဒီလောင်တို့နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသလို Big Bang ရဲ့ T.O.P နဲ့လည်း Out of Control ကို ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း