Mona Lisa and the Blood Moon
မွန်နာလီဆာဟာ တခြားလူတွေရဲ့စိတ်ကို ထိန်းချုပ်ပြီး သူလုပ်စေချင်တာကို ခိုင်းနိုင်တဲ့ အစွမ်းရှိတဲ့ ကိုရီးယားသူလေးပါ။ ဆယ်ကျော်သက် စိတ်ရောဂါဝေဒနာရှင်တွေကို ထိန်းသိမ်းတဲ့ ဆေးရုံမှာ သူ့ကို ဆယ့်နှစ်နှစ်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။ လပြည့်ညတစ်ညမှာတော့ သူ့ကို လက်သည်းခြေသည်း ညှပ်ပေးနေသူကို စိတ်နဲ့ထိန်းချုပ်ပြီး အဲဒီလူ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးအောင် လုပ်လိုက်ကာ ဆေးရုံကနေ ထွက်လာခဲ့တယ်။ ခြေဦးတည့်ရာ လျှောက်သွားရင်း ဘာဂါဆိုင်တစ်ဆိုင်မှာ ဖော်ချွတ်ကလပ်က အကမယ် ဘွန်နီဘဲလ်ကို ကူညီပေးမိတဲ့အခါ ဘွန်နီက သူ့ကို အိမ်ခေါ်သွားပါတယ်။ မွန်နာလီဆာရဲ့ အစွမ်းကို သိသွားတော့ ဘွန်နီဟာ အဲဒီအစွမ်းကို သုံးပြီး ပိုက်ဆံတွေ လိုက်လိမ်ပါတော့တယ်။ အလိမ်ခံရသူတွေက ရဲစခန်းကို တိုင်ကြတဲ့အခါ မွန်နာလီဆာဟာ ဆေးရုံက ပျောက်နေတဲ့သူဖြစ်ကြောင်း ရဲတွေ သိသွားပြီး အသည်းအသန် လိုက်ဖမ်းကြတယ်။ မွန်နာလီဆာ လွတ်အောင် ပြေးနိုင်မလား၊ ဘွန်နီကရော သူ့ကို ကာကွယ်ပေးမှာလား၊ ရဲတွေက ဘယ်အထိ လိုက်လာကြမလဲဆိုတာ မသေချာတော့ပါဘူး။
ဇာတ်လမ်းအကြောင်း