Dil Dosti Aur Dogs
Dil Dosti Aur Dogs 2025 (ခွေးလေးများနဲ့ ဟူးမန်းတို့ရဲ့ သံယောဇဉ်နှောင်ကြိုးများ) Neena Guptaလို ဒါရိုက်တာ ပရိုဂျူဆာ မင်းသမီးကြီးပါဝင် သရုပ်ဆောင်ထားပြီးတော့ ခွေးလေးတွေလည်း အများကြီးပါဝင်ထားလို့ ခွေးချစ်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက်ဇာတ်လမ်းလေးတွေ အများကြီးပဲ ထွက်ခဲ့သလို အခုဇာတ်လမ်းလေးကတော့ မိုတီလို့ခေါ်တဲ့ ခွေးလေးပြောပြတဲ့ လူသားတွေနဲ့ ခွေးလေးတွေကြားထဲက အချစ်ဇာတ်လမ်းလေးတွေပေါ့။ ဆန်နီလို့ခေါ်တဲ့ ကောင်လေးဟာ ဂိုအာမှာ စားသောက်ဆိုင်လေးဖွင့်နိုင်ဖို့က သူ့အိပ်မက်တစ်ခုဖြစ်တဲ့အလျောက် စားသောက်ဆိုင်လေးဖြစ်မြောက်လာခဲ့ပြီး ဖွင့်ပွဲအခမ်းအနားမှာပဲ ခွေးလေးတစ်ကောင်ကြောင့် ပွဲပျက်သွားခဲ့ရပါတော့တယ်။ ဖွင့်ပွဲမှာ လူစည်ခဲ့ပေမဲ့ ခွေးလေးကို ပြောခဲ့ဆိုခဲ့တဲ့အတွက်နဲ့ သူ့ဆိုင်မှာ ရေဗူးလာဝယ်မဲ့သူတောင် မရှိတော့တဲ့အခါမှာ အထက်ကနေ ဒီပြဿနာကိုရှင်းဖို့အတွက် ပီအာမန်နေဂျာကို စေလွှတ်စေခဲ့ပါတယ်။ ဒီလိုနဲ့ စားသောက်ဆိုင်လေးကို ဘယ်လိုနည်းလမ်းသုံးပြီးတော့ ပြန်လည်ဦးမော့အောင်လုပ်မလဲ ......... ရူဟီလို့ခေါ်တဲ့ ကလေးမလေးမှာ ကီမွန်ဆိုတဲ့ခွေးလေးရှိပါတယ်။ သူ့အဖေဟာ မရှိတော့ဘဲ အမေဖြစ်သူကလည်း သူ့အတွက် ဖေဖေလေးရှာပေးထားလို့ ရူဟီတစ်ယောက် သူ့ဖေဖေလေးကို မုန်းတီးနေပြီး အဖေဖြစ်သူကိုပဲ တောင့်တနေသူလေးပေါ့။ အဖေဖြစ်သူပြောခဲ့ဖူးတာက တစ်ခုခုပျောက်ခဲ့ရင် အရှင့်ဆီမှာ တောင်းဆိုရင်ရတယ်ဆိုတဲ့စကားအတိုင်း ကီမွန်လေးကိုခေါ်ပြီး အရှင့်ဆီ သွားတောင်းဆိုနေရင်း ကီမွန်လေးပျောက်ဆုံးသွားခဲ့ပါတယ်။ ရူဟီလေးနဲ့ ကီမွန်လေးတို့ ပြန်ပြီး တွေ့ဆိုံနိုင်ပါ့မလား ........ အာဂျွန်နဲ့ အက်တာတို့ လင်မယားနှစ်ယောက်ဟာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ရာကနေ အတိုင်ပင်ခံဆီမှာ သွားပြီး ဆွေးနွေးနေရာက အတိုင်ပင်ခံဆရာဝန်က သူတို့ကို ခွေးလေးမွေးဖို့ အကြံပေးလိုက်ပါတယ်။ အာဂျွန်နဲ့ အက်တာတို့ လင်မယားရော ခွေးလေးမွေးပြီးတဲ့နောက်မှာ ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲ .... အစရှိတဲ့ ဇာတ်လမ်းလေးတွေကို ကြည့်ရှုရမဲ့အပြင် ခွေးလေးတွေကရော ဘယ်အခန်း ဘယ်နေရာကနေ ပါဝင်လာမလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ ခွေးချစ်သူများအကြိုက် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…1.9 GB / 850 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
ဇာတ်လမ်းအကြောင်း