A Prophet
အသက် ၁၉ နှစ်အရွယ် မလိခ်အယ်လ်ဂျယ်ဘနာဟာ ပြင်သစ်ထောင်တစ်ခုမှာ ထောင်ဒဏ် ခြောက်နှစ် ကျခံရပါတယ်။ အရင်က ပြစ်မှုကြီးကြီးမားမား မကျူးလွန်ဖူးဘဲ ပြုပြင်ထိန်းသိမ်းရေးစခန်းကိုပဲ ရောက်ဖူးတဲ့ သူ့အတွက် အခုရောက်လာတဲ့ အရွယ်ရောက်အကျဉ်းသားတွေကြားက ဘဝဟာ လုံးဝမရင်းနှီးတဲ့ အခြေအနေပါ။ ထောင်ထဲမှာတော့ ကော်စီကန်အဖွဲ့နဲ့ မူစလင်အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲနေကြတယ်။ ဘာမှသိပ်နားမလည်သေးတဲ့ မလိခ်က အဲဒီနှစ်ဖွဲ့ကြားမှာ ညပ်နေပြီး ကော်စီကန်ခေါင်းဆောင် လူရှန်နီက သူ့ကို ထောင်တွင်းလူသတ်မှုတစ်ခု ကျူးလွန်ဖို့ စေခိုင်းလာပါတယ်။ အဲဒီကစပြီး မလိခ်ရဲ့ဘဝဟာ တဖြည်းဖြည်း ပြောင်းလဲလာတော့တယ်။ သူက ကော်စီကန်တွေဘက် ပါသွားမလား၊ မူစလင်တွေဘက် ရပ်တည်မလား။ အပြိုင်အဆိုင် ပြင်းထန်နေတဲ့ ဒီနှစ်ဖွဲ့ကြားမှာ အသက်ရှင်နိုင်ဖို့ ဘယ်လိုအကြံဉာဏ်တွေ သုံးမလဲဆိုတာ ဆက်တွေ့ရမှာပါ။ ၂၀၀၉ ခုနှစ်ထွက် ပြင်သစ်မှုခင်းဒရာမာဖြစ်ပြီး အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောရုပ်ရှင် အော်စကာဆုအတွက် ဆန်ခါတင်ရွေးချယ်ခံခဲ့ရပါတယ်။ ထောင်တွင်းဘဝကို ရိုက်ကူးထားတာမို့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ သတ်ဖြတ်ခန်းတွေ ပါဝင်ပါတယ်။ ရိုက်ကူးရာမှာလည်း အကျဉ်းသားဟောင်းတချို့ကို အကြံပေးတွေနဲ့ ဖြတ်လျှောက်သရုပ်ဆောင်တွေအဖြစ် ခေါ်ယူခဲ့ပါတယ်။ ဒါရိုက်တာက ပြင်သစ်အကျဉ်းသားတွေအတွက် ရုပ်ရှင်သွားပြစဉ် မြင်တွေ့ခဲ့ရတဲ့ ထောင်တွင်းအခြေအနေတွေကြောင့် တုန်လှုပ်ခဲ့ပြီး ဒီဇာတ်ကားကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဇာတ်လမ်းအကြောင်း