Millers in Marriage
Millers in Marriage (2025) တစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းဒရမ်မာတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ မက်ဂီမစ်လာ၊ အန်ဒီမစ်လာနဲ့ အိဗ်မစ်လာဆိုတာ မစ်လာမောင်နှမသုံးယောက်ဟာ အောင်မြင်နဲ့အနုပညာဘဝကိုယ်စီနဲ့ ဘဝကိုတည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေကြပါတယ် ။ ဒါပေမဲ့သူတို့အားလုံးရဲ့ အိမ်ထောင်ရေးတွေကတော့ အဆင်မပြေလှပါဘူး။ ကလေးတွေကောလိပ်တက်လို့ လင်မယားနှစ်ယောက်စီပဲကျန်ကြတဲ့အခါ ရှောင်လွှဲမရတဲ့ အိမ်ထောင်ရေးငြီးငွေ့မှုကို ကျော်ဖြတ်နိုင်ဖို့ မောင်နှမသုံးယောက်သားကိုယ်စီအဖြေရှာကြပါတယ် ။ ဒီလိုအဖြေရှာရင်း ဘဝရဲ့ အချိုးအကွေ့တွေမှာကြုံခဲ့ဖူးတဲ့ အဆက်ဟောင်းတွေကို ပြန်တွေ့ရာကနေ သူတို့ရဲ့ဘဝရွေးချယ်မှုကို ပြန်မေးခွန်းထုတ်မိလာကြပါတယ် ။ ဆယ်စုနှစ်နဲ့ချီလက်တွဲလာကြတဲ့ အိမ်ထောင်ဖက်တွေဟာ သူတို့ရဲ့ပါရမီဖြည့်ဖက်အစစ်အမှန် စ်ပါ့မလား။ ဘဝရဲ့ ကျန်ရှိတဲ့သက်တမ်းကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီး မှန်ကန်တဲ့သူကို ရွေးချယ်နိုင်မှာလား။ မြင်နေကျ ဆယ်ကျော်သက်လူငယ်ရဲ့ ဆူလွယ်ပွယ်လွယ် အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲ သက်ကြီးပိုင်းတွေရဲ့ တည်ငြိမ်တဲ့အချစ်ပုံပြင်တွေကို ကြည့်ရမှာဖြစ်တာကြောင့် အမြင်ဆန်းနေမှာတော့ အသေအချာပါပဲ ။ မောင်နှမသုံးယောက်အဖြစ် ဂျူလီယာနာ မာဂျူလီးစ်, အက်ဒ်ဝဒ်ဘန်းစ်နဲ့ ဂရက်ချန်မောတို့က သရုပ်ဆောင်ထားကြပြီး Deadpool မင်းသမီး မိုရီနာဘက်ကာရင်နဲ့ Conjuring မင်းသား ပက်ထရစ်ဝီလ်ဆန်တို့ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ မောင်နှမသုံးယောက်ရဲ့ မတူညီတဲ့အချစ်ဇာတ်လမ်းသုံးပုဒ်ကို ဇာတ်လမ်းအတက်အကျညီညီနဲ့ ငြိမ့်ငြိမ့်လေးစီးမျောရင်း ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.1 GB / 584 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
ဇာတ်လမ်းအကြောင်း