ဇာတ်ကားများ ရွေးရန်

We Kill Them All

2025ဇာတ်ကားအမှတ် 4.8/1094 မိနစ်

Imdb rating - 4.3/10 ၂၀၂၅ ခုနှစ်​ကမှ ထွက်​ရှိခဲ့တဲ့​ ဇာတ်ကား​တစ်​ကားဖြစ်ပြီး Crime​/Thriller​ အမျိုး​အစား​ဖြစ်​ပါတယ်​။ ဒါရိုက်တာက Jeremy Drummond ဖြစ်​ပြီး​ ဘတ်ဂျက်​ရုပ်ရှင်​တစ်ခု​ဖြစ်​ပါတယ်​။ ဇာတ်လမ်းအကျဥ်းကတော့ Meg နဲ့ Lanes တို့​ဟာ Lesbian​စုံ​တွဲဖြစ်ပြီး Meg ရဲ့​ဖခင်​ဖြစ်သူ​ Lee က ရာဇဝတ်သား​ဟောင်း​တစ်ဦး ဖြစ်​ကာ လူသူ​မနီးတဲ့ တောင်​ပေါ်​အပန်းဖြေ​စခန်း​တစ်ခု​မှာ အလုပ်​လုပ်​နေပါတယ်။ Meg ရဲ့ဖခင် Lee က Meg​ တို့ကို​ အားလပ်​ရက်​ အပန်းဖြေ​ခရီး​အဖြစ်​ သူရှိတဲ့ တောင်​ပေါ်​စခန်း​ကို အလည်​အပတ်​ခေါ်​တာကြောင့် Meg​ တို့​နှစ်ဦး​လည်း​ ကား​နဲ့ ခရီး​ထွက်​လာခဲ့ပါတယ်။ သူတို့​မရောက်​ခင်​မှာ​ပဲ Lee ရဲ့ လုပ်​ဖော်​ကိုင်​ဖက်​ကောင်း​ဖြစ်​တဲ့ Jimmy​ တို့ လူဆိုး​အဖွဲ့​က တောင်​ပေါ်စခန်းကို ရောက်​လာပြီး​ Lee ကို ဖမ်းဆီး​ပြီး အလစ်သုတ်​သွားတဲ့ ငွေ​ထုပ်​ရှိတဲ့နေရာကို စစ်ဆေး​မေးမြန်း​ပါတယ်။ အဲဒီအချိန်​မှာပဲ Meg တို့စုံတွဲ ရောက်ရှိ​လာပြီး​ ဖခင်​ဖြစ်သူ​ကို မတွေ့ရတဲ့အပြင် စခန်း​ရဲ့အခြေအနေက မူမမှန်တာကြောင့် ထွက်ပြေး​ဖို့ ကြိုးစား​ခဲ့ပေမဲ့ Jimmy တို့လက်ထဲမှာ အဖမ်းခံလိုက်ရပါတော့တယ်။ Meg​ တို့ လူဆိုး​အဖွဲ့​လက်​ထဲက လွတ်​မြောက်​နိုင်ပါ့မလား၊ ပျောက်ဆုံး​နေတဲ့​ ငွေထုပ်ကရော ဘယ်​မှာ​ရှိမလဲ ဆိုတာ​ကို ကြည့်​ရှု​ရမှာပါ။ ဇာတ်​ကားထဲမှာ ကြမ်း​တမ်းတဲ့ ပြကွက်တွေ မပါ​ဝင်ပေမဲ့ ရိုင်း​စိုင်း​တဲ့ ဒိုင်​ယာလော့ဂ်အချို့ပါဝင်တာကြောင့် အသက်​မပြည့်သေးသူတွေ ဆင်​ခြင်​ရမှာဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

ဇာတ်လမ်းအကြောင်း