Riceboy Sleeps
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မုဆိုးမဆိုယွန်းက သားလေးဒုံဟျွန်းအတွက် ပိုကောင်းတဲ့ဘဝတစ်ခု ရစေချင်လို့ ကိုရီးယားကို စွန့်ခွာပြီး ကနေဒါဆီ ပြောင်းရွှေ့လာပါတယ်။ သားအမိနှစ်ယောက်ဟာ နေရာသစ်မှာ နေ့စဉ်ဘဝကို ဖြတ်သန်းရင်း လူမျိုးရေးခွဲခြားမှုနဲ့ မတူမတန် ဆက်ဆံခံရမှုတွေကို ရင်ဆိုင်ကြရတယ်။ သူတို့ကြုံရတဲ့ အခက်အခဲတွေကို အဖြစ်အပျက်ကြီးတွေနဲ့ အပြင်းအထန်တင်ပြတာထက် ကိုယ်ပိုင်အမှတ်တရတွေ ပြန်ပြောပြသလို ဖြည်းဖြည်းချင်း ပြထားပါတယ်။ လူမျိုးရေးခွဲခြားမှုအကြောင်း ပြောတတ်ကြပေမယ့် ကိုယ့်ကိုယ်ကို ပြန်ထောက်ပြခံရတဲ့အခါ လက်မခံချင်ကြတဲ့ သဘောကိုလည်း ထည့်သွင်းထားတယ်။ ရုပ်ရှင်ဖန်တီးသူ Anthony Shim က သူ့ငယ်ဘဝအမှတ်တရတချို့ကို ဒီဇာတ်ကားထဲမှာ ဖော်ပြထားပါတယ်။ ရုပ်ပုံဘောင်အချိုးအစား နှစ်မျိုးသုံးထားပြီး TIFF နဲ့ Busan ပွဲတွေက ဆုတွေအပါအဝင် ဆု ၂၃ ဆု ရရှိထားတဲ့ မိသားစုဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း