ဇာတ်ကားများ ရွေးရန်

Finding You

2021ဇာတ်ကားအမှတ် 7.0/10119 မိနစ်

ဘဝမှာ အပြောင်းအလဲတစ်ခု လိုချင်နေတဲ့ မိန်းကလေးတစ်ယောက်က နိုင်ငံခြားပညာသင်အစီအစဉ်နဲ့ အိုင်ယာလန်ကို သွားဖို့ ရွေးချယ်လိုက်ပါတယ်။ အစ်ကိုဖြစ်သူရဲ့ ခြေရာအတိုင်း လိုက်လာတဲ့ ဒီခရီးမှာ နာမည်ကြီးရုပ်ရှင်မင်းသား ဘတ်ကက်နဲ့ လမ်းမှာတင် တွေ့မိကြတယ်။ စတွေ့ကတည်းက နှစ်ယောက်သား ဘုနဲ့ဘောက်ဖြစ်နေကြပေမယ့် အိုင်ယာလန်မြို့ငယ်လေးကို ရောက်တဲ့အခါ တည်းခိုမယ့်နေရာကလည်း တစ်နေရာတည်း ဖြစ်နေပြန်ပါတယ်။ မိန်းကလေးက နေရာသစ်မှာ ပညာသင်ယူရင်း ကိုယ့်ဘဝကို ဘယ်လို တိုးတက်အောင် လုပ်နိုင်မလဲ။ စိတ်ကြီးဝင်ပြီး အသောက်အစား၊ အပျော်အပါးမက်တဲ့ မင်းသားရဲ့ တကယ့်ဘဝကရော ဘယ်လိုရှိမလဲ။ အစမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်မရကြတဲ့ သူတို့နှစ်ယောက် ဘယ်လို နားလည်မှုရလာပြီး အပြန်အလှန် အားပေးကူညီကြမလဲဆိုတာကို ဆက်ပြထားပါတယ်။ သူတို့ရဲ့အချစ်ဇာတ်လမ်းနဲ့အတူ စိမ်းလန်းတဲ့ အိုင်ယာလန်ရှုခင်းတွေ၊ အိုင်းရစ်ရှ်ရိုးရာတေးသံတွေနဲ့ ဒေသခံတွေရဲ့ ဓလေ့စရိုက်တွေကို တွေ့ရမှာပါ။ ခွင့်လွှတ်ခြင်း၊ မေတ္တာနဲ့ မိသားစုသံယောဇဉ်အကြောင်းတွေလည်း ထည့်သွင်းထားပါတယ်။

ဇာတ်လမ်းအကြောင်း