ဇာတ်ကားများ ရွေးရန်

Blade of the 47 Ronin

2022ဇာတ်ကားအမှတ် 6.6/10106 မိနစ်

ယူရေဆိုတဲ့ စုန်းမျိုးနွယ်ဝင်တစ်ယောက်က ရိုနင် ၄၇ ယောက်ရဲ့ မျိုးဆက်ကို ဖြတ်ပစ်ပြီး ဆာမူရိုင်းတွေ အားလုံးကို ရှင်းပစ်ချင်နေပါတယ်။ သူ့ကို တားဆီးနိုင်မယ့် နည်းလမ်းကတော့ ရိုနင် ၄၇ ယောက်ရဲ့ နောက်ဆုံးမျိုးဆက်က ထန်ဂူဓားကို ကိုင်ဆွဲပြီး ယူရေကို သုတ်သင်ဖို့ပါပဲ။ အဲဒီထန်ဂူဓားကလည်း အလွယ်တကူ ရနိုင်တာမဟုတ်ဘဲ စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကို ပေါင်းစည်းမှ ရလာမယ့် စွမ်းအားကြီးဓားတစ်လက် ဖြစ်ပါတယ်။ ဆာမူရိုင်းတွေက နောက်ဆုံးမျိုးဆက်ကို ရှာတွေ့နိုင်ပါ့မလား၊ လိုအပ်တဲ့ ဓားနှစ်လက်ကိုရော ယူရေထက် အရင် ရှာတွေ့မလား၊ ယူရေကို နှိမ်နင်းနိုင်မလားဆိုတဲ့ အခြေအနေတွေကြားမှာ ဇာတ်လမ်းဆက်သွားတယ်။ Keanu Reeves ပါဝင်ခဲ့တဲ့ 47 Ronin ကနေ ခွဲထွက်ဖန်တီးထားတဲ့ ဇာတ်ကားဖြစ်ပြီး ရှေးခေတ်ဆာမူရိုင်းတွေရဲ့ အကြောင်းကို ယနေ့ခေတ်အနေအထားနဲ့ တွဲဖက်ပုံဖော်ထားပါတယ်။

ဇာတ်လမ်းအကြောင်း