ဇာတ်ကားများ ရွေးရန်

Pardoned by Grace

2022ဇာတ်ကားအမှတ် 4.3/10103 မိနစ်

ဒီကားကတော့ 2023 မှာထွက်ရှိထားပြီး ဖြစ်ရပ်မှန်ကို အ​ခြေခံရိုက်ထားတဲ့ Pardoned By Grace ဆိုတဲ့ ဒရာမာကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အသက်ကြီးလာတာနဲ့အမျှ ပိုပိုဆိုး ပိုပိုမိုက်လာလို့ အ​ဖေကအစ ဘုရားကို ဆုတောင်းရင် သူ့သားဘယ်​​​တော့မှ အိမ်ပြန်မလာ​ပါ​စေနဲ့လို့ ဆု​တောင်းရ​လောက်​အောင် မိုက်တဲ့ စ​ကော့ ဟိုင်းဘာဂါ... မြို့ကရဲ​တွေကအစ မှတ်မိ​နေရ​လောက်​အောင် ပြစ်မှုတစ်ခုလွတ်တာနဲ့ ​​နောက်ပြစ်မှုတစ်ခုလုပ်ဦးမှာပဲဆိုတဲ့အမြင်နဲ့ အမြဲ​နောက်​ယောင်ခံလိုက်ဖမ်းရ​လောက်​အောင် ဒုစရိုက်မှုမှာနာမည်ကြီးတဲ့စ​ကော့ဟိုင်းဘာဂါ... ပြစ်မှုကျူးလွန်ပြီးတိုင်းလည်း သူလုပ်တဲ့ပြစ်မှုကို ငြင်းဆန်​​​​လေ့မရှိဘဲ တရားရုံးမှာ အပြစ်ရှိ​ကြောင်း အမြဲဝန်ခံတာမို့ ​ရှေ့​နေ​တွေလက်​မမြောက်လိုက်ရတဲ့ စကော့ဟိုင်းဘာဂါ... တစ်​နေ့​ထောင်ကျ​နေတုန်း ဘာသာ​ရေးသမား တစ်​ယောက်နဲ့ စကားစပ်မိရင်း ဘာသာရေးလိုက်စားမိတဲ့အခါ လူ​တွေ အံ့သြ​လောက်​အောင်​ ဘယ်လိုတွေပြောင်းလဲသွားလဲ... လူတစ်​ယောက် ဘယ်​လောက်ထိ​ပြောင်းလဲနိုင်စွမ်းရှိ‌ ကြောင်း... ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန် ဒရာမာကား​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 810MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Biography, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

ဇာတ်လမ်းအကြောင်း