ဇာတ်ကားများ ရွေးရန်

Prayers for Bobby

2009ဇာတ်ကားအမှတ် 8.1/1089 မိနစ်

Prayers for Bobby (Bobby အတွက် ဆုတောင်းသံများ) ဆိုတဲ့ဇာတ်ကားလေးထဲက Bobby ရဲ့ အမေ ဖြစ်သူ Mary နောက်ဆုံးပြောသွားတဲ့ စကားလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ "လိင်တူချစ်တယ်ဆိုတာ အပြစ်တစ်ခုပါ။ သူတို့တွေ သေရင် ငရဲကျမယ်။ သူတို့တဲ့ မကောင်းတဲ့ အကျင့်တွေပြင်မယ်ဆို ပြင်လို့ရပါတယ်။ ဒီ တဏှာ ရာဂ စိတ်တွေ မရှိရင် သာမန် ပြန်ဖြစ်လာမယ်။ သူတို့သာ ပြင်ချင်ရင် အကြိမ်ကြိမ်ကြိုးစားပြီး ပြင်လို့ရတယ်" လို့ ကျမသားလေး Bobby ကို ကျမ ပြောခဲ့ပါတယ်။ သူက လိင်တူချစ်သူတစ်ယောက် (အခြောက်) ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ကျမ ဘဝ၊ ကျမ မျှော်လင့်ချက်တွေ ရေစုံမျော ပျက်ဆီးသလို ခံစားရပါတယ်။ ကျမသားလေးရဲ့ ဒီ ရောဂါကြီးကို ကုသဖို့ ကျမတတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈ လက ကျမသားလေး တံတားပေါ်ကနေခုန်ချ ပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ်။ လိင်တူချစ်သူ တွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေ ကို မလေ့လာခဲ့ သိဖို့ မကြိုးစားခဲ့တဲ့တာ ကျမ နောင်တရမိတယ်။ ကျမတို့ ငယ်ငယ်လေးကတည်းက ကြားခဲ့ရ သင်ခဲ့ရတာတွေဟာ ဒီ လူတစ်စု ကို မုန်းဖို့ လူသားမဆန်တဲ့ အမုန်းတရားတွေနဲ့ ငါနဲ့မတူရန်သူဆိုတဲ့ အတွေးအခေါ်တွေကြားထဲမှာ ကြီးပျင်းခဲ့ရတယ်။ ကျမ သူများပြောသမျှ လူ့ဝါဂွမ်းလို မနားထောင်ပဲ ကြိုးစားနားလည်ခဲ့မယ်ဆိုရင်၊ ကျမသားလေးရဲ့ ဖြူဆင်တဲ့ ရင်ထဲက စကားသံတွေကို နားထောင်ခဲ့မယ်ဆိုရင်၊ ကျမ ဒီမှာ နောင်တတွေ တစ်လှေကြီးနဲ့ ရပ်ပြီး စကားပြောနေမှာ မဟုတ်ဖူး။ ဘုရားသခင်ဟာ Bobby ရဲ့ ကြင်နာတတ်တဲ့နှလုံးသား ဖြူဆင်တဲ့ အကျင့်လေးတွေနဲ့ တင် ကျေနပ်ပါတယ်။ ဘုရားရှင်ရဲ့ မျက်လုံးထဲမှာ အကြင်နာတရား မေတ္တာတရား သာ အရေးအကြီးဆုံးပါ။ လိင်တူချစ်သူတွေ အခြောက်တွေဆိုပြီး ကျမ နိုမ်ချ ပြောဆိုတိုင်း၊ ကျမသားလေးကို စိတ်မမှန်တဲ့၊ တဏှာ ရာဂ လွှမ်းနေတဲ့ သူ ဆိုပြီး ရည်ညွန်းမိတိုင်း၊ ကျမသားလေးရဲ့ ကိုယ်ကိုကိုယ်တန်းဖိုးထားတဲ့ စိတ်၊ လေးစားတဲ့ စိတ် တွေ ပျက်ဆီးပြီး ကိုယ်ကိုယ်ကို တန်ဖိုးမထားတတ်ဖြစ်လာပါတယ်။ နောက်တော့ ပြုပြင်လို့ မရတော့ အောင် သူ့ စိတ်ဓါတ်တွေ ပျက်သုန်းခဲ့ရတယ်။ ဘုရားရှင်က ကျမသားလေးလို သဘောကောင်း၊ ပညာတတ်၊ ကြင်နာတတ်တဲ့ သူတစ်ယောက်ကို ဒီလို အဖြစ်ဆိုးနဲ့ ကြုံရအောင်လုပ်တာမဟုတ်ပါဘူး။ ကျမရဲ့ ဥပေက္ခာပြု တာတွေ၊ နိမ်ချမှုတွေ ကြောင့် သူ့ရဲ့ မျှော်လင့်ချက်တွေ ပျက်ဆီးခဲ့ရတာပါ။ ကျမတို့တွေ အခြောက်ဆိုတဲ့ စကားကြားတာနဲ့ ရွံ့ရှာ မုန်းတီးတဲ့ အတွေးတွေ ကြောင့် ကျမသားလေး ဘဝက သူ့ကိုယ်သူ သတ်သေရုံက တခြား အဖြေရှာ မရအောင် ဖြစ်ခဲ့ရတာပါ။ သူ စာရေးဆရာ ကြီး အရမ်းဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် သူ့မျှော်လင့်ချက်တွေ၊ အိမ်မက်တွေဟာ လူတွေရဲ့ ဥပေက္ခာတွေ၊ အမုန်းတရားတွေကြောင့် ပျက်ဆီးခဲ့ရပါတယ်။ ကျမ သားလေး Bobby လို ကလေးငယ်တွေ အများကြီးရှိပါတယ်။ မင်းနဲ့ သိချင်မှ သိလိမ့်မယ်။ ဒါပေမယ့် မင်းတို့ရဲ့ အမုန်းစကားတွေ ကို သူတို့တွေ နားထောင်နေတယ်။ သင်တို့ရဲ့ အမုန်းတရားတွေဟာ သူတို့ မျှော်လင့်ချက်၊ ဆုတောင်းသံတွေကို စွန့် အ စေတယ်။ သူတို့ ရဲ့ ဘုရားရှင်ဆီမှာ "ပတ်ဝန်းကျင်က၊ မိဘ အသိုင်းအဝိုင်းက လက်ခံဖို့ ၊ နားလည်နိုင်ဖို့" တောင်းနေတဲ့ ဆုတောင်းသံတွေ သင့်အမုန်းတရားအာဂါဒတွေ ကြောင့် မပျောက်ကွယ်ပါစေနဲ့။ဒါကြောင့် သင့် စကားမပြောမီ အရင်စဉ်းစားပါ။ သူတို့ အမြဲ နားထောင်နေတယ်။ Qty - Bluray 720p Gern - Biography/ Drama / Romance Duration - 1hr 30min Translator - Phyu Thant (Thae Thae) Encoder - Kyaw Ye Aung

ဇာတ်လမ်းအကြောင်း