ဇာတ်ကားများ ရွေးရန်

[18+] Relyebo

2022ဇာတ်ကားအမှတ် 6.2/10107 မိနစ်

ဂျင်မီနဲ့ အာမာတို့ဟာ ကိုယ်စီအိပ်မက်တွေနဲ့ နယ်ကနေ တက်လာကြတဲ့ လူငယ်လင်မယားပါ။ လောလောဆယ် ဂျင်မီက ညစောင့်လုပ်ပြီး အာမာက ပီဇာဆိုင်မှာ အလုပ်လုပ်နေတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးပြီး ငဲ့ညှာချစ်ခင်ကြတာကြောင့် သူတို့အိမ်ထောင်ရေးက သာယာနေပါတယ်။ ဂျင်မီဟာ အလုပ်ပါးတဲ့အချိန်တွေဆို လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့အတူ တိုက်ခန်းနေသူတွေရဲ့ဘဝကို လေ့လာစပ်စုရင်း အချိန်ကုန်လေ့ရှိတယ်။ တစ်နေ့မှာတော့ အနီရောင်ဆံပင်နဲ့ လှပတဲ့မိန်းကလေးတစ်ယောက် တိုက်ခန်းကို ပြောင်းလာပါတယ်။ သူ့ဆီကို တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ် လာလည်တဲ့ ရှုးဂါးဒက်ဒီတစ်ယောက်ရှိသလို တစ်ခါတလေ ကော်ဖီဆိုင်မှာ တခြားတစ်ယောက်နဲ့ ရှိနေတာကိုလည်း ဂျင်မီ တွေ့ရတယ်။ ဒါတွေကို သိနေပါလျက်နဲ့ ဂျင်မီကတော့ သူဖြတ်လျှောက်သွားရင် ရနံ့လေးရရ၊ အရိပ်ကလေးမြင်ရမြင်ရ ကျေနပ်နေတဲ့အထိ စွဲလန်းလာပါတော့တယ်။ အချစ်နဲ့ အိမ်ထောင်ရေးဒရာမာကို နောက်ခံထားတဲ့ ဒီဇာတ်ကားမှာ Christine Bermas က ရိုးသားတဲ့ နယ်သူအိမ်ထောင်သည်မလေးအဖြစ် ပါဝင်ပြီး Jela Cuenca ကတော့ ဆံပင်နီမလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း