ဇာတ်ကားများ ရွေးရန်

Sons

2024ဇာတ်ကားအမှတ် 6.8/10100 မိနစ်

ရင်ထဲထိရှအောင်ရိုက်ကူးထားတဲ့ ၁၅၀၀ အချစ်မပါတဲ့ ထောင်ထဲက ၅၂၈ ချစ်ခြင်းမေတ္တာအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Sons ဖြစ်ပြီး လက်ရှိ IMDb Rating 6.5 အထိရရှိထားပါတယ်။ ဇာတ်ကားလေးက ထူးလည်းထူးဆန်းသလို စိတ်ဝင်စား စရာလည်းကောင်းတဲ့အတွက် ရုပ်ရှင်ချစ်သူတွေအတွက် တစ်ခါ‌လောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ အီဗာဆိုတဲ့အမျိုးသမီးက ထောင်တွင်းမှာအလုပ်လုပ်နေတဲ့ ထောင်စောင့်အရာရှိဖြစ်ပြီး သူ့ဘလောက်ကအကျဉ်းသားတွေကို အရမ်းဂရုစိုက်ပြီး တရင်းတနှီးနေတတ်ပါတယ်။ အလုပ်မှာလည်းအရမ်းတော်ပြီး သမာဓိရှိရှိနဲ့လုပ်ကိုင်နေတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကျဉ်းသားတွေကလည်း သူ့ကိုလေးစားကြပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ တခြားဘလောက်ကိုအသစ် ရောက်လာတဲ့ အကျဉ်းသားတစ်ယောက်ကိုတွေ့မိပြီး သူ့ပုံစံတွေကပြောင်းလဲသွားပါတော့တယ်။ အဲ့ဒီအကျဉ်းသားရှိရာဘလောက်ကိုချက်ချင်းရွှေ့ပြောင်းဖို့ စာတင်ခဲ့ပြီး တာဝန်ပြောင်းပြီးတဲ့အခါမှာလည်း အဲ့ဒီ အကျဉ်းသားကိုပဲ အထူးအာရုံစိုက်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့နောက်ပိုင်းမှာ သူ့ရဲ့သမာဓိရှိတဲ့ဆုံးဖြတ်နိုင်စွမ်းတွေ မှားယွင်းလာပြီး မရိုးသားတာတွေလုပ်မိလာပါတော့တယ်။ အဲ့ဒီလိုမျိုးသူ့ကိုပြောင်းလဲသွားစေရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲ အဲ့ဒီအကျဉ်းသားကရောသူနဲ့ဘယ်လိုတွေ ပတ်သတ်နေတယ်ဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.12 GB) / (840 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Drama ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

ဇာတ်လမ်းအကြောင်း