Qala
မန်ဂျူရှီတို့မိသားစုဟာ မျိုးရိုးစဉ်ဆက် ဂီတပါရမီရှိကြသူတွေပါ။ ဒီမိသားစုထဲက အူမီဟာ အမွှာကိုယ်ဝန်လွယ်ခဲ့ပေမယ့် မွေးလာတဲ့အခါ သမီးလေး ကွာလာတစ်ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။ အမွှာတွေမှာ အားနည်းတဲ့ကလေး အသက်မရှင်တာမျိုး ဖြစ်တတ်ကြောင်း ဆရာဝန်က ရှင်းပြပေမယ့် အူမီက လက်မခံနိုင်ခဲ့ဘူး။ သားလေးသေဆုံးရတာ သမီးကြောင့်လို့ ယူဆပြီး ကွာလာ့ကို မေတ္တာမပေးခဲ့ပါဘူး။ ကွာလာ အရွယ်ရောက်လာတော့ အမေက မိသားစုအမွေဖြစ်တဲ့ ဂီတပညာကို သင်ပေးပါတယ်။ ဒါပေမယ့် သမီးရဲ့အရည်အချင်းကိုတော့ အထင်မကြီးဘဲ မိဘမဲ့ကောင်လေး ဂျာဂန်ရဲ့ အသံနဲ့ပါရမီကို သဘောကျနေခဲ့တယ်။ အမေရဲ့အသိအမှတ်ပြုမှုကို လိုချင်တဲ့ ကွာလာအတွက် ဝမ်းနည်းအားငယ်စရာ ဖြစ်လာတာပေါ့။ နှစ်တွေကြာလာတဲ့အခါ ကွာလာဟာ ရွှေဓာတ်ပြားဆုတွေ ရရှိတဲ့အထိ အောင်မြင်လာပြီး ဂီတလောကမှာ စံပြတစ်ယောက်အဖြစ် လေးစားခံရလာပါတယ်။ ဒါပေမယ့် အမေဆီက ချီးကျူးစကားကိုတော့ မကြားရသေးဘူး။ အဲဒီလိုအောင်မြင်နေချိန်မှာပဲ အသံတွေ ကြားယောင်လာသလို မှန်ထဲကပုံရိပ်တစ်ခုက သူ့အောင်မြင်မှုတွေကို ဝင်ယူမယ့်အလား ခြောက်လှန့်လာပါတယ်။ အမေရဲ့ချီးကျူးစကားရဖို့ ကွာလာ ဘယ်လိုဆက်ကြိုးစားမလဲ၊ မှန်ထဲကပုံရိပ်က ဘယ်သူလဲ၊ ဘာကြောင့် သူ့ကို ခြောက်လှန့်နေတာလဲ။
ဇာတ်လမ်းအကြောင်း