ဇာတ်ကားများ ရွေးရန်

Spinning Gold

2023ဇာတ်ကားအမှတ် 5.2/10137 မိနစ်

နီးလ်ဘိုးဂတ်က သူ့နာမည်ကို လူတွေ မမှတ်မိကြဘူးဆိုတာ တစ်ယောက်ကို ဒေါ်လာတစ်ရာစီ လောင်းရဲပေမယ့် သူကပဲ အဲဒီလူတွေကို ကခုန်စေခဲ့သူလို့ ပြောရင်း သူ့ဘဝအကြောင်း ပြန်ပြောပြပါတယ်။ သူဟာ ကာဆာဘလန်ကာဓာတ်ပြားထုတ်လုပ်ရေးကို တည်ထောင်ခဲ့သူပါ။ သူ့နာမည်ကို မသိရင်တောင် သူနဲ့ ပတ်သက်ခဲ့တဲ့ Kiss၊ The Village People၊ Donna Summer၊ Bill Withers၊ Isley Brothers နဲ့ Parliament တို့ကိုတော့ ဂီတချစ်သူတွေ ရင်းနှီးကြမှာပါ။ ဒီအနုပညာရှင်တွေရဲ့ ထူးခြားတဲ့ဟန်နဲ့ ဂီတကို ပရိသတ်လက်ခံလာအောင် နီးလ်က ကူညီပေးခဲ့တယ်။ သူတို့အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ လုပ်ပေးခဲ့တဲ့ နီးလ်ရဲ့ဘဝကို ပြောပြရင်း Donna Summer ရဲ့ ညည်းသံတွေပါဝင်တဲ့ ၁၇ မိနစ်ကြာ Love to Love You လို သီချင်းတွေနဲ့ အဲဒီခေတ်က အဆိုရှင်တွေရဲ့အကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးထားသူက နီးလ်ရဲ့သားပါ။ သားငယ်စဉ်ကတည်းက နီးလ် ဆုံးပါးသွားခဲ့တာကြောင့် အဖေ့အကြောင်း သေချာသိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကို လိုက်မေးမြန်းပြီး ဇာတ်လမ်းရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ လူတွေရဲ့ မှတ်ဉာဏ်နဲ့ ပြန်ပြောပြချက်တွေကို အခြေခံထားတာမို့ အဖြစ်အပျက်အားလုံးကို အတိအကျ ပြန်တင်ပြထားတာတော့ မဟုတ်ပါဘူး။ တချို့နေရာမှာ လျှော့ပြောထားတာ၊ ချဲ့ပြောထားတာနဲ့ ဇာတ်လမ်းအတွက် ပြင်ဆင်ထားတာတွေ ရှိပါတယ်။ ကိုယ့်အိပ်မက်တွေအပြင် အခြားသူတွေရဲ့ အိပ်မက်တွေကိုပါ အကောင်အထည်ဖော်ပေးခဲ့တဲ့ အဖေ့အတွက် သားတစ်ယောက် ဖန်တီးထားတဲ့ အမှတ်တရရုပ်ရှင်ပါ။

ဇာတ်လမ်းအကြောင်း