Glass Garden
Glass Garden (2017) သစ်တောစိမ်းစိမ်းတွေရဲ့ သဘာဝအလှတို့ကို ခံစားကြည့်ရှုရင်း တရိပ်ရိပ်တက်လာတဲ့ ဇာတ်လမ်းကို မိန်းမောကြည့်ရှုနိုင်စေမဲ့ ၂၀၁၇ ခုနှစ်ထွက်ဇာတ်ကားတစ်ပုဒ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က အွန်စောအသေးစားလေးလို့ လူသိများကြတဲ့ မင်းသမီး Moon Geun-Young နဲ့ မင်းသား Kim Tae-Hoon တို့ အဓိကအနေနဲ့ ပါဝင်ထားပါတယ် .. ။ ဇာတ်လမ်းအညွှန်း “လူတစ်ယောက်က သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား” ပါရဂူဘွဲ့အတွက် ပြင်ဆင်နေတဲ့ သုတေသနပညာရှင် Jae-Yeon(Moon Geun Young)ဟာ သာမန်လူတွေနဲ့မတူ တမူထူးခြားပြီး လက်တွေ့ဘဝနဲ့ ဆန့်ကျင်ကာ တွေးခေါ်တတ်သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက သစ်တောအုပ်တွေ သစ်ပင်တွေကို ချစ်မြတ်နိုးတဲ့သူမဟာ အခုတစ်ခါမှာဆိုရင်လည်း မြို့ပြနဲ့ဝေးရာဖြစ်တဲ့ သစ်တောအုပ်ထဲက ဖန်အိမ်လေးမှာ တိတ်တဆိတ်နေထိုင်ရ်ငး “လူတစ်ယောက်ဟာ သစ်ပင်တွေလိုမျိုး အလင်းမှီပြီး အစာချက်နိုင်စေရမယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုတေသနပြုလုပ်နေသူဖြစ်ပါတယ်။ တက်သစ်စ စာရေးဆရာတစ်ဦးဖြစ်တဲ့ Ji-Hoon(Kim Tae-Hoon) ဟာတော့ လက်ရှိမှာ နာမည်ပျက်ပြီးတော့ ကျဉ်းထဲကျပ်ထဲ ကြုံနေရတဲ့သူဖြစ်ပါတယ်။ တစ်ရက် ကိစ္စတစ်ခုကြောင့် Jae-Yoon ရှိတဲ့ တောရွာဘက်လေးကို ရောက်လာပြီး Jae-Yoon ရဲ့ သုတေသနကို စိတ်ဝင်စားသွားတဲ့အခါ... သူ့ရဲ့ ကလောင်နာမည်အဖတ်ဆယ်ဖို့အတွက် Jae-Yoon ကို ဝတ္ထုစာအုပ်အသစ်မှာ အသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့.... သုတေသနဟာ အောင်မြင်သွားပြီးတော့ တကယ်ပဲ လူတွေဟာ သစ်ပင်အဖြစ်နဲ့ အလင်းမှီအစာချက်ခြင်းပြုလုပ်နိုင်သွားမှာလား ... Ji-Hoon နဲ့ Jae-Yeon ကြားထဲမှာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို မျက်လုံး အေးအေး ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ Mystery , Drama ဆိုတဲ့အတိုင်း လျှို့ဝှက် ဆန်းကြယ်စွာ ကြည့်ရှုသွားနိုင်မဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ခံစားကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.72GB / 644MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 56 min. Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet
ဇာတ်လမ်းအကြောင်း