Ah, Wilderness: Part 1
ရှင်းဂျိဟာ လက်ဝှေ့သမား ယူးဂျီကို သတ်ပစ်ချင်လောက်အောင် လက်စားချေချင်နေသူပါ။ ယူးဂျီကို ဘယ်လိုအနိုင်ယူရမလဲ စဉ်းစားနေချိန်မှာ သူ့မှာ ပိုက်ဆံလည်းမရှိ၊ နေစရာအိမ်လည်းမရှိဘဲ လေလွင့်နေရတယ်။ နောက်ဆုံးတော့ အရှုံးပေါ်လုနီးနီးဖြစ်နေတဲ့ လက်ဝှေ့သင်တန်းကျောင်းတစ်ခုကို ဝင်လိုက်ပါတယ်။ ငယ်ငယ်ကတည်းက အမေက ထားသွားပြီး အဖေကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့လို့ ရှင်းဂျိဟာ တစ်ကောင်ကြွက်ဘဝနဲ့ ကြီးပြင်းလာခဲ့ရသူပါ။ သင်တန်းကျောင်းကို ရောက်လာတော့ အစ်ကိုကြီးလိုဖြစ်လာတဲ့ ခန်းဂျိနဲ့ ဆရာဖြစ်သူအပေါ် မိသားစုလို သံယောဇဉ်တွယ်လာတယ်။ ခန်းဂျိက စကားထစ်ပြီး အလွန်ရှက်တတ်တဲ့ ဆံသဆရာတစ်ယောက်ပါ။ စကားမထစ်ချင်တော့သလို လူတွေကြားမှာလည်း ဝင်ဆံ့ချင်တယ်။ လက်ဝှေ့အရည်အချင်းလည်းရှိတဲ့ သူဟာ အဲဒီဆန္ဒတွေနဲ့ လက်ဝှေ့လောကထဲ ခြေချလာခဲ့ပါတယ်။ ရည်ရွယ်ချက်မတူဘဲ ကြိုးဝိုင်းထဲ ရောက်လာကြတဲ့ သူတို့ထဲက ဘယ်သူတွေ အောင်မြင်နိုင်မလဲ။
ဇာတ်လမ်းအကြောင်း