ဇာတ်ကားများ ရွေးရန်

14 February

2024ဇာတ်ကားအမှတ် 7.3/10141 မိနစ်

14 February (2024)"၁၄ ဖေဖေါ်ဝါရီ " မာလျာလမ်စကားပြော အချစ်ဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ မာလျာလမ် ရုပ်ရှင်လောကရဲ့ ဇာတ်လမ်းတင်ဆက်မှုပုံစံဟာ အိန္ဒိယနိုင်ငံထဲက တခြား ရုပ်ရှင်လောကတွေနဲ့ မသိမသာကွဲထွက်နေပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း လွမ်းဆွေးစရာ အချစ်ဇာတ်လမ်းတစ်ခုကို မတူညီတဲ့ ဇာတ်ကောင်နှစ်ခုကနေ ချဉ်းကပ်ပြထားတာကို တွေ့ကြရမှာပါ။ ဇာတ်လမ်းကတော့ ရွာလေးတစ်ရွာမှာ အာနန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သူက လူချစ်လူခင်ပေါတယ်။ အပေါင်းအသင်းများတယ်။ တက်တက်ကြွကြွရှိတယ်။ အဲဒီကနေ နှစ်တွေအများကြီးကြာပြီး အာနန်တယောက် သတ်လတ်ပိုင်းအရွယ်ရောက်သွားတယ်။ ရေဒီယိုချန်နယ်တစ်ခုမှာ တင်ဆက်သူတစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ အရင်လို တက်ကြွမှုတွေမရှိတော့ဘူး။ အိမ်ထောင်မကျသေးဘူး။ အရွယ်ရောက်တာနဲ့ အိမ်ထောင်ပြုတတ်ကြတဲ့ သူတို့အသိုင်းအဝိုင်းမှာ အာနန်က အားလုံးရဲ့ပြောစရာဖြစ်နေတယ်။ မိဘတွေ၊ အပေါင်းအသင်းတွေက သူ့ကို အိမ်ထောင်ပြုဖို့တိုက်တွန်းကြတယ်။ သူကတော့ တုံဏှိဘာဝေပဲ။ အဲဒီအချိန်မှာ ရုပ်ရှင်ရိုက်ချင်လို့ ဇာတ်လမ်းရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပေါ်လာတယ်။ အာနန့်အကြောင်းကို စိတ်ဝင်စားသွားပြီး သူ့ရဲ့အမျိုးသမီး၊ အာနန်ရဲ့ လုပ်ဖော်ကိုင်ဖက်ကနေတဆင့် အာနန်ရဲ့အတိတ်အကြောင်းကို သိရဖို့ကြိုးစားတယ်။ တက်ကြွတဲ့ လူငယ်လေးအာနန်က ဘာလို့ ဒီလိုပုံစံဖြစ်နေရတာလဲ၊ သူ့အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်လိုအကြောင်းတွေကြောင့် အာနန်တစ်ယောက် ရှေ့မဆက်နိုင်ဖြစ်နေရတာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ အားလုံး မြင်တွေ့ခံစားကြရမှာပါ...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 21min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း