ဇာတ်ကားများ ရွေးရန်

Elite Force: B.R.I. - Body Recovery Immmusination

2025ဇာတ်ကား91 မိနစ်

ထွက်​ရှိ​ထားတာ​ မကြာ​သေးတဲ့​ ဒီဇာတ်ကားဟာ Action/Sci-fi​ အမျိုး​အစား​ဖြစ်​ပြီး​ ဒါရိုက်တာ​ Roman Elpidio ရိုက်ကူး​ထား​တာပါ။ ကြာချိန် တစ်နာရီ​ခွဲခန့်သာရှိပြီး Sci-fi အနည်း​အကျဥ်း​ပါပေမဲ့ အက်​ရှင်​ဇာတ်​ကားလို့ပဲ ဆို​ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ BRI လို့​ခေါ်​တဲ့ ပရို​ဂရမ်​တစ်ခုဟာ ခြေ​လက်​အင်္ဂါတွေ ပျက်စီး​ဆုံးရှုံး​သွား​ရင်​တော့ အလို​လို​ပြန်ထွက်လာမဲ့ စွမ်း​ရည်​မြင့်​ စူပါစစ်သည်တွေကို မွေးထုတ်ပေးမဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ဒီပရိုဂရမ်ရဲ့ ပဲ့ကိုင်​ရှင်က ဒေါက်တာ​ Marco ဖြစ်​ပါတယ်​။ ပရို​ဂရမ် အဆုံး​မသတ်ရသေးခင်မှာပဲ Jasper ဆိုတဲ့​ လုပ်​ဖော်​ကိုင်​ဖက်​တစ်ဦးက ဒေါက်​တာ​ Marco ကို ခြိမ်း​ခြောက်​အကျပ်​ကိုင်​ပြီး သစ္စာ​ဖောက်​ပါတော့​တယ်​။ အဲဒါ​ကြောင့်​ ဒေါက်တာ​ Marco လည်း ကမ္ဘာ​အရပ်​ရပ်​က အိမ်​ခြေ​ရာ​မဲ့ စစ်သည်​ဟောင်း​လေး​ဦး​ကို ခေါ်​ယူလေ့ကျင့် အဆင့်​မြှင့်​တင်​ပေးပြီး Jasper ရဲ့ စီမံကိန်း​ကို ဟန့်​တားရပါတော့တယ်။ ဘတ်​ဂျက်​ရုပ်ရှင်​ဆိုပေမဲ့​ အက်​ရှင်​ခန်း​တွေက ထင်​ထားတာထက်​ ကောင်း​မွန်​ပြီး ပေါ့​ပေါ့ပါး​ပါး ကြည့်ရှု​လို့​ရမဲ့​ဇာတ်​လမ်း​မျိုး​ဖြစ်​ပါတယ်​။ ဇာတ်​အိမ်​က အက်ရှင်ကားအများစု ထုံးစံ​အတိုင်း​ အနည်းငယ်​ အပ်ကြောင်းထပ်နေပေမဲ့ အတိုင်းအတာ​တစ်ခု​ထိ ဖျော်ဖြေ​မှု​ပေး​နိုင်​ပါလိမ့်မယ်​။ File size…(1.1 GB)/(680 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

ဇာတ်လမ်းအကြောင်း