Murloc
ပင်လယ်ရေနက်ပိုင်းမှာ နေထိုင်ကြတဲ့ လူတစ်ပိုင်းငါးတစ်ပိုင်း ရေသူတွေဟာ ဂေဟစနစ်ပျက်ယွင်းလာလို့ နေရာပြောင်းရင်း ရေတိမ်ပိုင်းကို ရောက်လာကြပါတယ်။ အဲဒီနောက် ငါးဖမ်းလှေတွေကို တိုက်ခိုက်ပြီး လှေပေါ်ကလူအားလုံးကို ကိုက်သတ်နိုင်တဲ့အထိ အန္တရာယ်ကြီးလာတယ်။ ဒါပေမယ့် အင်အားကြီးတဲ့ ရေသူတွေထဲက တချို့လည်း လူသားတွေရဲ့ဖမ်းဆီးမှုကို ခံရပြီး စမ်းသပ်ခံဘဝ ရောက်သွားကြပါတယ်။ ဟန်ဟောက်ကတော့ ပင်လယ်ဆိပ်ကမ်းမှာ အလုပ်လုပ်ရင်း စကားမပြောတတ်တဲ့သားလေးကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်နေတဲ့ ဖခင်တစ်ယောက်ပါ။ တစ်နေ့ အကြွေးလိုက်တောင်းရာကနေ ရေသူတင်ထားတဲ့ကားကို မောင်းဖြစ်သွားတယ်။ လမ်းမှာ မတော်တဆမှုဖြစ်ပြီး ကားမှောက်သွားလို့ သူလည်း သတိလစ်သွားပါတယ်။ ပြန်နိုးလာတော့ ကိုယ်ရောက်နေတဲ့နေရာကို မသိတဲ့အပြင် သားလေးကလည်း အနားမှာ မရှိတော့ဘူး။ အဲဒီအချိန်မှာ သားလေးက ရေသူတွေကို စမ်းသပ်နေတဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းထဲမှာ ပိတ်မိနေပါတယ်။ ဓာတ်ခွဲခန်းထဲမှာလည်း မတော်တဆမှုတစ်ခုဖြစ်ပြီး ရေသူတစ်ကောင် လွတ်ထွက်သွားခဲ့တယ်။ သားကို ရှာဖွေကယ်တင်ဖို့ ကြိုးစားနေတဲ့ ဟန်ဟောက်ဟာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကို ကြုံလာရပါတော့တယ်။ ရေသူတွေရဲ့အန္တရာယ်ကြားကနေ သားလေးကို ပြန်ကယ်ထုတ်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း