ဇာတ်ကားများ ရွေးရန်

My 11th Mother

2007ဇာတ်ကားအမှတ် 7.1/10104 မိနစ်

ဂျယ်ဆူဟာ အမေဆုံးသွားပြီး သူ့ကိုမချစ်တဲ့ ဖခင်လက်ထဲမှာ ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ပါ။ အဖေက အမျိုးသမီးတွေကို ရောင်းစားတဲ့သူဖြစ်ပြီး ဂျယ်ဆူကတော့ ငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ် ဟင်းချက်စားသောက်ရင်း နေလာခဲ့ရတယ်။ မိခင်မေတ္တာကို ငတ်မွတ်လွန်းလို့ အဖေခေါ်လာသမျှ အမျိုးသမီးတွေကို အမေလို့ လွယ်လွယ်ခေါ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ကို တကယ်ဂရုစိုက်ပေးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သံယောဇဉ်တွယ်လာတယ်။ မိခင်ရင်းလို မေတ္တာပေးတဲ့သူနဲ့ တွေ့ရလို့ ဂျယ်ဆူ ပျော်ရွှင်နေရပေမယ့် အဲဒီအမျိုးသမီးရဲ့ ကင်ဆာရောဂါက ပြင်းထန်လာပါတယ်။ ကိုယ့်အတွက် အချိန်သိပ်မကျန်တော့ဘူးဆိုတာ သိနေတဲ့သူက ဂျယ်ဆူကို တတ်နိုင်သမျှ သင်ပြပေးနေခဲ့တယ်။ မိခင်မေတ္တာကို အခုမှ ရလာတဲ့ ဂျယ်ဆူဟာ သူနဲ့အတူ ဆက်နေနိုင်မလား၊ တစ်ယောက်တည်း ပြန်ဖြတ်သန်းရဦးမလား။

ဇာတ်လမ်းအကြောင်း