ဇာတ်ကားများ ရွေးရန်

Faultline

2004ဇာတ်ကားအမှတ် 3.4/1089 မိနစ်

Imdb rating - 6.0/10 ထွက်​ရှိထားတာ မကြာသေးတဲ့ ဒီဇာတ်ကားက Drama/Mystery အမျိုးအစား​ဖြစ်​ပြီး ဒါရိုက်တာ​ Anna Cooley ရိုက်​ကူး​ပေး​ထားတာ ဖြစ်​ပါတယ်​။ ဇာတ်​ကောင်​ အနည်းငယ်​သာ အသုံးပြု​ထားပြီး ဒရာမာနဲ့ အက်​ရှင်ပိုင်းထက် Mystery​ ဖက်ကို​ အားပြု​ထား​ပါတယ်​။ ဇာတ်လမ်း​အကျဥ်း​ကတော့ Paige Tennant ဟာ အောင်မြင်​တဲ့ ရှေ့​နေအမျိုးသမီးဖြစ်ပြီး ကုမ္ပဏီ​ကြီးတစ်ခုမှာ ဥပဒေ​အကြံပေးအဖြစ် လုပ်​ကိုင်နေသူဖြစ်ပါတယ်။ တစ်​နေ့မှာ​ ဖီးနစ်ဂိုးလ် လို့​ခေါ်​တဲ့ ရွှေ​တူးဖော်​ရေးကုမ္ပဏီ ပိုင်ဆိုင်​တဲ့ သတ္တု​တွင်း​တစ်​ခု ပြို​ကျသွား​တဲ့အခါ Paige အလုပ်​လုပ်​နေ​တဲ့ ကုမ္ပဏီ​ကြီး​နဲ့ ဖီးနစ်ဂိုးလ်​ ကုမ္ပဏီ​တို့ ပူးပေါင်း​ဖို့ အကြောင်း​ဖန်​လာပါတယ်။ တကယ်​တော့ Paige ရဲ့ အမေဖြစ်သူက ဖီးနစ်ဂိုးလ်​မှာ ဝန်ထမ်း​လုပ်ဖူးပြီး ကိုယ့်ကိုယ်ကို​ အဆုံး​စီရင်​ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်​ Paige လည်း​ လုပ်​ငန်း​ကိစ္စ​ညှိဖို့ ဖီးနစ်ဂိုးလ်​ကုမ္ပဏီ အခြေစိုက်​တဲ့ မြို့​လေး​တစ်​ဖြစ်​လည်း​ သူကလေးဘဝက နေခဲ့​ဖူးတဲ့ မြို့​လေးကို ပြန်​လာခဲ့ပါတယ်။ အဲဒီ​မြို့​မှာ Paige ရဲ့ ညီမဖြစ်သူ Jesse လည်း ရှိတဲ့​အတွက်​ ညီအစ်မ​နှစ်ယောက်​ ပြန်​ဆုံ​မိကြပါတော့တယ်။ တစ်ချိန်​တည်း​မှာ​ သူတို့​ညီအစ်မ​ရဲ့ အမေဖြစ်သူ Eve​ Tennant သေဆုံး​မှုဟာ သွေးရိုးသားရိုး မဟုတ်​ကြောင်း​ သိလိုက်ရ​ချိန်​မှာတော့ နှစ်​ဦး​သား အဖြစ်​မှန်​ကို စုံစမ်း​ကြပါတော့တယ်။ ဇာတ်လမ်း​အေးပြီး စုံ​ထောက်​ခြင်း​နဲ့ လျှို့ဝှက်​ဆန်းကြယ်​ခြင်းဖက်ကို အား​ပြုထားတဲ့အပြင် ဒရာမာ​ elements တွေ​ပါ ထည့်သွင်း​ထား​လို့ ကြည့်လေ့ကြည့်ထ မရှိသူတွေအတွက် ပျင်း​စရာ​ကောင်း​ပါလိမ့်မယ်​။ ဒရာမာ​နဲ့ စုံထောက်​ဆန်​ဆန်​ ဇာတ်လမ်း​မျိုး​ နှစ်​သက်​ရင်တော့ ကြည့်ရှုနိုင်ပါတယ်။ File size…(778 MB)/(450 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Thriller, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

ဇာတ်လမ်းအကြောင်း