Mama Boy
ရှောင်ဟုံက ရုပ်ရည်ချောပေမယ့် အချစ်ရေးအတွေ့အကြုံမရှိသေးဘဲ အမေရဲ့အထိန်းအချုပ်အောက်မှာ နေလာတဲ့ လူပျိုတစ်ယောက်ပါ။ သူ့ဘဝမှာ အနီးစပ်ဆုံးရှိနေတဲ့ အမျိုးသမီးဆိုလို့ အမေပဲရှိပြီး အဖော်အဖက်လည်း မရှိသေးဘူး။ သူ့မွေးနေ့မှာတော့ ဝမ်းကွဲအစ်ကိုက မွေးနေ့လက်ဆောင်ဆိုပြီး လိင်လုပ်သားတွေနဲ့ ပျော်ပါးဖို့ တွန်းအားပေးတာကြောင့် ဟိုတယ်တစ်ခုကို ရောက်သွားပါတယ်။ အဲဒီဟိုတယ်မှာ အိမ်ထောင်ကွဲထားပြီး ကလေးကို တစ်ယောက်တည်းပြုစုနေတဲ့ အစ်မလဲ့လဲ့နဲ့ ဆုံမိရာက ရှောင်ဟုံရဲ့ဘဝထဲ အပြောင်းအလဲတစ်ခု ဝင်လာတယ်။ ရိုးရိုးအေးအေးနေတတ်တဲ့ သူက အမေရဲ့အထိန်းအချုပ်ကြားကနေ အစ်မလဲ့လဲ့ကို ဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရဲ့ပထမဆုံးအချစ်ကရော အဆင်ပြေပါ့မလား။ ထိုင်ဝမ်အချစ်ဒရာမာကားဖြစ်ပြီး ရှောင်ဟုံအဖြစ် Kai Ko က သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း