ဇာတ်ကားများ ရွေးရန်

Entrapment

1999ဇာတ်ကားအမှတ် 6.2/10112 မိနစ်

Entrapment ကတော့ မင်းသားကြီး Sean Connery ရဲ့ ၁၉၉၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ thriller, crime အမျိုးအစား ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အာမခံကုမ္ပဏီအေးဂျန့် ဗာဂျီးနီးယား ဘာကာဆိုတဲ့အမျိုးသမီးငယ်လေးဟာ အခိုးခံလိုက်ရတဲ့နာမည်ကျော် တန်ဖိုးကြီးပန်းချီကားအမှုကိုစုံစမ်းနေရင်း သံသယဖြစ်စရာတရားခံကဟာ ဂန္တဝင်သူခိုးကြီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူမအနေနဲ့ ဒီပန်းချီကားကိုပြန်ရဖို့ ဘယ်လိုတွေအကွက်ချစီစဉ်ပြီး သူခိုးကြီးအနားကိုရောက်သွားမလဲဆိုတာကို ဇာတ်အိမ်တည်ထားတာပါ… ဒါပေမယ့် ဒီကောင်မလေးကတစ်ကယ်ပဲအမှုစုံစမ်းနေတာလား တစ်ခြားဘာရည်ရွယ်ချက်တွေရှိနေသေးလဲ … ဂန္တဝင်သူခိုးကြီးကရော ကောင်မလေးရဲ့လှည့်ကွက်ကိုကြိုမမြင်နိုင်ဘူးလား … ဘယ်သူကဘယ်သူ့ကိုလှည့်စားအသုံးချနေတာလဲဆိုတာကို စိတ်ဝင်စားဖွယ် အကွက်ကျကျဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် … မင်းသားကြီး Sean Connery နဲ့ မင်းသမီးချော Catherine Zeta-Jones တို့ရဲ့တွဲဖက်ညီညီ chemistry မိမိသရုပ်ဆောင်ချက်တွေကို mind game ဆန်ဆန် action လန်းလန်း mission ကြမ်းကြမ်းတွေအပြင် romance လေးပါရောထားတော့ ရသစုံစုံနဲ့ Old but gold ဆိုတဲ့ဇာတ်ကားလေးတစ်ကားမို့ ကြည့်ရှူခံစားကြည့်လိုက်ကြပါဦး… File size…(1.5 GB)/(832 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Romance drama , Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakr Khin

ဇာတ်လမ်းအကြောင်း