365 Days
မာစီမိုဟာ အီတလီက အင်အားကြီးမာဖီးယားမိသားစုတစ်စုရဲ့ သားဖြစ်ပါတယ်။ ဖခင်ဖြစ်သူ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့အချိန်မှာ မိန်းကလေးတစ်ယောက်ကို သူတွေ့ခဲ့တယ်။ နောက်ပိုင်း မာဖီးယားဂိုဏ်းကို ဆက်ခံသူဖြစ်လာပေမယ့် အဲဒီမိန်းကလေးကိုတော့ မမေ့နိုင်ဘဲ ငါးနှစ်တိတိ လိုက်ရှာနေခဲ့ပါတယ်။ တစ်နေ့ မာဖီးယားဂိုဏ်းသားတွေ၊ ဒုစရိုက်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါတဲ့ တွေ့ဆုံပွဲတစ်ခုက အပြန်မှာ သူရှာနေတဲ့မိန်းကလေးကို လေဆိပ်မှာ ပြန်တွေ့သွားတယ်။ ငါးနှစ်ကြာရှာခဲ့ရသူကို အခုလိုပြန်တွေ့လိုက်ရတဲ့နောက် ဘာတွေဖြစ်လာမလဲဆိုတာကနေ ဇာတ်လမ်းဆက်သွားပါတယ်။ အီတလီနဲ့ ပိုလန်နိုင်ငံတို့ရဲ့ ၂၀၂၀ ခုနှစ် ရုပ်ရှင်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအခန်းတွေ အများအပြားပါဝင်သလို နောက်ခံတေးဂီတကိုလည်း မူရင်းအညွှန်းမှာ အသားပေးဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း