Top Gun: Maverick
Top Gun ရဲ့အဆက်မှာ မက်ဗရစ်ရဲ့မိတ်ဆွေ အိုက်စ်က ရေတပ်ဗိုလ်ချုပ် ဖြစ်နေပြီဖြစ်ပေမယ့် မက်ဗရစ်ကတော့ အထက်လူကြီးတွေနဲ့ မကြာခဏငြိတတ်တဲ့ သက်တမ်းရင့်ကပ္ပတိန်အဖြစ် ရှိနေဆဲပါ။ သူ့ကို အပြီးအပိုင် အနားပေးတော့မယ့်အချိန်မှာ ခက်ခဲလွန်းတဲ့ စစ်ဆင်ရေးတစ်ခု ပေါ်လာပါတယ်။ အဲဒီအတွက် တော့ပ်ဂန်းသင်တန်းဆင်းတွေထဲက အတော်ဆုံးလေယာဉ်မှူးတွေကို ပြန်ခေါ်ပြီး မက်ဗရစ်ကို နည်းပြအဖြစ် တာဝန်ပေးလိုက်တယ်။ ပြန်ခေါ်ထားတဲ့အဖွဲ့ထဲမှာ ဂုစ်ရဲ့သားလည်း ပါလာပါတယ်။ သူက ဖခင်သေဆုံးခဲ့ရတဲ့အတွက် မက်ဗရစ်ကို မုန်းနေသူပါ။ သူတို့ကြားက အမုန်းတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာနဲ့အတူ မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့ စစ်ဆင်ရေးကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဆက်ပြထားပါတယ်။ ပထမကားက ဇာတ်ကောင်တွေရဲ့ နှစ်ပေါင်း ၃၀ ကျော်အကြာ အခြေအနေတွေကို ဆက်ရိုက်ထားပြီး Jennifer Connelly က ပန်နီအဖြစ် ပါဝင်ထားပါတယ်။ ရုံတင်ဝင်ငွေ ဒေါ်လာ ၁.၃ ဘီလီယံနီးပါး ရရှိခဲ့ပြီး တွမ်ခရုရဲ့ နှစ် ၄၀ ကြာ သရုပ်ဆောင်သက်တမ်းအတွင်း ဘီလီယံနဲ့ချီတဲ့ ဝင်ငွေကို ပထမဆုံးရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း