ဇာတ်ကားများ ရွေးရန်

Padavettu

2022ဇာတ်ကားအမှတ် 6.5/10142 မိနစ်

အိန္ဒိယနိုင်ငံက ရွာငယ်လေးတစ်ရွာမှာ ရွာသူရွာသားတွေဟာ စိုက်ပျိုးရေးကို အားကိုးပြီး အသက်မွေးကြပါတယ်။ ဒါပေမယ့် ဒေသတွင်း နိုင်ငံရေးပါတီတွေရဲ့ ပဋိပက္ခတွေကြားမှာ သူတို့လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်။ အဲဒီရွာက ရာဗီဟာ ဆိုင်ကယ်အားကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့် မတော်တဆမှုတစ်ခုနောက်ပိုင်းမှာတော့ လူတွေနဲ့ ခပ်ကင်းကင်းနေပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့သူပါ။ သူ့ဘဝကို နောက်တစ်ကြိမ်ပြောင်းလဲစေမယ့် ဖြစ်ရပ်တစ်ခုနဲ့ ကြုံလာတဲ့အခါ ရာဗီက ရွာရဲ့လွတ်လပ်ခွင့်အတွက် နိုင်ငံရေးစနစ်ကို တွန်းလှန်ဖို့ ကြိုးစားလာပါတယ်။ နိုင်ငံရေးသမားတွေနဲ့ ရင်ဆိုင်နေတဲ့ သူ့ကို ရွာသူရွာသားတွေက ထောက်ခံလာကြမလား။ ဘာကများ ဘာမှမလုပ်ချင်တော့တဲ့ ရာဗီကို အခုလိုထွက်ရင်ဆိုင်လာအောင် တွန်းအားပေးခဲ့တာလဲ။

ဇာတ်လမ်းအကြောင်း