ဇာတ်ကားများ ရွေးရန်

365 Days: This Day

2022ဇာတ်ကားအမှတ် 5.8/10111 မိနစ်

365 Days ရဲ့ ဒုတိယကားမှာ လော်ရာဟာ ဥမင်လိုဏ်ခေါင်းထဲ ပြိုင်ဘက်မာဖီးယားဂိုဏ်းရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ကိုယ်ဝန်ပျက်ကျသွားတဲ့အခြေအနေကနေ ဇာတ်လမ်းစပါတယ်။ ဒီအကြောင်းကို မာစီမိုဆီ မပြောဘဲ ပုံမှန်ဘဝအတိုင်း ဆက်ဖြတ်သန်းဖို့ သူဆုံးဖြတ်ထားတယ်။ ဒါပေမယ့် မာစီမိုရဲ့ ပျောက်နေတဲ့ညီ ပြန်ပေါ်လာသလို ပြိုင်ဘက်မာဖီးယားဂိုဏ်းရဲ့ နှောင့်ယှက်တိုက်ခိုက်မှုတွေနဲ့လည်း ကြုံလာရပါတယ်။ ဒီအခြေအနေတွေကြားမှာ မာစီမိုနဲ့ လော်ရာတို့နှစ်ယောက် ဘယ်လိုကြံ့ကြံ့ခံ ဖြတ်သန်းကြမလဲ။ သူတို့နှစ်ယောက်အပြင် ပြိုင်ဘက်ဂိုဏ်းဘက်က ဇာတ်ကောင်အသစ်တွေလည်း ပါလာပြီး ပထမကားလိုပဲ အဝတ်အစားမပါဝင်တဲ့ အခန်းများနဲ့ ငြိမ့်ငြောင်းတဲ့ နောက်ခံတေးဂီတကို တွဲဖက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း