The Captive
မက်သရူးတို့ လင်မယားဟာ ငွေရေးကြေးရေး အဆင်မပြေပေမယ့် သမီးလေးအတွက်တော့ ဂုဏ်ယူနေကြရတဲ့ မိဘတွေပါ။ သမီးက ရေခဲပြင်စကိတ်ပြိုင်ပွဲတွေမှာ ဆုရထားပြီး အိုလံပစ်အထိ ဝင်ပြိုင်ဖို့ လျာထားခံရသူ ဖြစ်ပါတယ်။ တစ်နေ့ လေ့ကျင့်ရေးပြီးလို့ သမီးကို အိမ်ပြန်ခေါ်လာတဲ့လမ်းမှာ မက်သရူး ညစာဝင်ဝယ်နေတုန်း သမီးလေး ပျောက်သွားပါတယ်။ မက်သရူးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသလို ဇနီးကလည်း သမီးပျောက်သွားတဲ့အဖြစ်ကို မဖြေဆည်နိုင်ပါဘူး။ ဒီနောက်ပိုင်းမှာ လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးလည်း အဆင်မပြေတော့ဘူး။ သမီးပျောက်သွားတာ ရှစ်နှစ်ကြာလာချိန်မှာတော့ သူ အသက်ရှင်နေသေးတယ်ဆိုတာ သိလိုက်ရပါတယ်။ မက်သရူးတို့လင်မယား၊ ရဲတွေနဲ့ စုံထောက်တွေက သမီးကို ပြန်ရှာဖို့ ကြိုးစားကြတော့တယ်။ သူတို့ သမီးကို ပြန်တွေ့နိုင်ပါ့မလား၊ သမီးကရော ဘယ်လိုအခြေအနေမှာ ရှိနေလဲဆိုတာ ဆက်လိုက်ရမယ့် Ryan Reynolds ပါဝင်ထားတဲ့ ၂၀၁၄ ခုနှစ် လျှို့ဝှက်မှုခင်း၊ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း