ဇာတ်ကားများ ရွေးရန်

Goal II: Living the Dream

2007ဇာတ်ကားအမှတ် 6.0/10115 မိနစ်

နယူးကာဆယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဆန်တီယာဂို မူနစ်ကို ရီးရဲမက်ဒရစ်က ဝယ်ယူလိုက်ပါတယ်။ ပိုကြီးတဲ့အသင်းမှာ ကစားခွင့်ရတာ ဝမ်းသာစရာပေမယ့် စပိန်ကို ပြောင်းရွှေ့အခြေချဖို့က သူ့ချစ်သူအတွက်တော့ ချက်ချင်း လက်ခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ နောက်ဆုံးမှာ သူမလည်း လိုက်လာဖြစ်ပေမယ့် မူနစ်အတွက် အသင်းပြောင်းလိုက်ရုံနဲ့ အရာအားလုံး ပြည့်စုံသွားတာတော့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်အသစ်၊ လူသစ်တွေနဲ့ အသင်းကြီးတစ်သင်းထဲမှာ နေရာရဖို့ သူ့ခြေစွမ်းကို ထပ်သက်သေပြရဦးမယ်။ Goal ပထမကားက မူနစ်ရဲ့အိပ်မက်နောက်ကို ဆက်လိုက်ကြည့်ရတဲ့ အဆက်ဖြစ်ပြီး ဒီတစ်ခါတော့ ရောက်ချင်တဲ့နေရာကို ရောက်လာပြီးနောက် ဘယ်လိုရပ်တည်မလဲဆိုတာ ကြည့်ရမှာပါ။ ဘောလုံးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေကို ကြိုက်ရင် အသင်းကြီးမှာ ကစားခွင့်ရတဲ့ သူ့ဝမ်းသာမှုနဲ့အတူ နောက်ကလိုက်လာတဲ့ အခက်အခဲတွေကိုပါ လိုက်ခံစားရမယ့်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း