ဇာတ်ကားများ ရွေးရန်

Operation Seawolf

2022ဇာတ်ကားအမှတ် 5.9/1086 မိနစ်

ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီးမှာ အဘက်ဘက်က အင်အားလျော့နည်းလာတဲ့ ဂျာမန်တပ်တွေဟာ စစ်အခြေအနေကို ပြောင်းလဲနိုင်ဖို့ နောက်ဆုံးကြိုးပမ်းမှုတွေ လုပ်လာကြပါတယ်။ အဲဒီထဲက တစ်ခုကတော့ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း၊ နယူးယော့ခ်က ကုန်သွယ်သင်္ဘောတွေ သွားလာရာ ရေလမ်းကြောင်းတွေကို ရေငုပ်သင်္ဘောတွေနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ ပင်လယ်ဝံပုလွေ စစ်ဆင်ရေးပါ။ ဒီစစ်ဆင်ရေးကို ဦးဆောင်ဖို့ ဝါရင့်ရေငုပ်သင်္ဘောတပ်မှူး ဟန်စ်ကတ်စ်လာကို ရွေးချယ်လိုက်ကြတယ်။ ကတ်စ်လာဟာ ဘဝတစ်လျှောက်လုံးနီးပါး တိုင်းပြည်အတွက် စစ်မှုထမ်းလာသူဖြစ်ပေမယ့် စစ်ပွဲကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေလည်း ရှိနေပါတယ်။ ဗုံးကြဲမှုတစ်ခုမှာ မိသားစုတစ်စုလုံးကို ဆုံးရှုံးခဲ့ရပြီး သူ့စစ်မှုထမ်းဘဝရဲ့ နောက်ဆုံးကာလတွေကို အရက်နဲ့ပဲ ဖြတ်သန်းနေသူပါ။ ဒီလိုလူတစ်ယောက်က လက်ရှိသင်္ဘောကပ္ပတိန်ကို အစားထိုးပြီး ဦးစီးမယ်ဆိုတော့ တပ်သားတွေက မယုံကြည်ကြဘူး။ ကတ်စ်လာကတော့ အဲဒီမယုံကြည်မှုတွေကြားကနေ စစ်ဆင်ရေးကို ဦးဆောင်ရင်း သူ့အစွမ်းကို ပြသလာပါတယ်။ အရက်ကို စွန့်ပြီး ဘဝမှာ ရည်ရွယ်ချက်တစ်ခု ပြန်တွေ့လာသလို ဖြစ်လာပေမယ့် သူတို့တာဝန်ယူထားရတဲ့ စစ်ဆင်ရေးက အစကတည်းက မျှော်လင့်ချက်နည်းနေခဲ့တာပါ။ ဒုတိယကမ္ဘာစစ်နောက်ခံ ရေတပ်ဇာတ်ကားဖြစ်ပြီး Frank Grillo နဲ့ Dolph Lundgren တို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း