ဇာတ်ကားများ ရွေးရန်

Attack on Titan: THE LAST ATTACK (Aka) Gekijouban

2024ဇာတ်ကားအမှတ် 8.6/10145 မိနစ်

Attack on Titan : The Last Attack (တကယ့်ဇာတ်သိမ်း) ............................................................. ဒါကတော့ နောက်ဆုံးဇာတ်သိမ်းပိုင်းရဲ့ တကယ့်နောက်ရုပ်ရှင်ပါ . . . . လို့ပြောတာပဲ 🤣 AOTကိုကြည့်ဖူးတဲ့သူတွေအတွက် ဒီအပိုင်းက ဘာတွေပါမလဲ ဘာပိုထူးခြားလာလဲ ကြည့်သင့်လားအစရှိတဲ့မေးခွန်းတွေကိုဖြေရရင်တော့ ဒီရုပ်ရှင်ဟာ နောက်ဆုံး၂ပိုင်းဖြစ်တဲ့ အပိုင်း၈၈နဲ့၈၉ကို ပေါင်းပြီး ရုပ်ရှင်ရုံအရသာရအောင်ထုတ်ထားတာလို့ပဲ ရိုးရိုးရှင်းရှင်းပြောရမယ်ထင်တယ်။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့အနှစ်က စာတန်းထိုးအပြီးမှာပါတဲ့ credit scene ပါပဲ စီးရီးရဲ့ဇာတ်သိမ်းကိုမချင့်မရဲဖြစ်ခဲ့တဲ့သူတွေ၊ လွမ်းမောခဲ့ရတဲ့သူတွေအတွက် အကောင်းဆုံးဖြေသိမ့်ပေးထားတယ်ဆိုရင်လည်းမမှားပါဘူး။ ကြည့်သင့်လားဆိုရင်တော့ AOTပရိသတ်ဆိုရင် အလွမ်းပြေကြည့်သင့်ပါတယ်။ အပိတ်သီချင်းလေးတွေပါထည့်ပေးထားတော့ လိုက်ပြီးဆိုချင်ဆိုကြည့်ကြပေါ့ဗျာ။ ပြီးတော့ ဒီရုပ်ရှင်ဟာ ကမ္ဘာတဝှမ်းက AOTပရိသတ်တွေကို ကျေနပ်မှုပေးနိုင်ခဲ့တဲ့ပုံပါပဲ။ IMDb 9.2/10 Rotten Tomatoes 99%ရထားတာက သက်သေပါပဲလေ။ ဇာတ်လမ်းအကျဉ်းချုပ်ရေးပြဖို့ကလည်း စီးရီးတုန်းကရေးခဲ့တဲ့အညွှန်းကိုပဲ ပြန်ရေးရမယ်ထင်တယ်။ အသစ်အဆန်းမပါပဲ ဒါပဲမလို့လေ။ 😁 ဇာတ်လမ်းအကျဉ်း လွန်ခဲ့တဲ့နှစ်တရာလောက်က Titanတွေရုတ်တရက်ပေါ်လာပြီး လူသားတွေကိုသတ်ဖြတ်စားသောက်ခဲ့ပါတယ် သူတို့ဘယ်ကနေရောက်လာလဲ သူတို့ကဘာတွေလဲဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး Titanတွေရန်ကကာကွယ်ဖို့လူသားတွေဟာ တံတိုင်းကြီးသုံးခုကိုတည်ဆောက်ခဲ့ပြီး နှစ်ပေါင်းတရာကျော်တိုင် Titanတွေရန်ကနေကင်းဝေးခဲ့ပါတယ် ဒါပေမယ့် တနေ့မှာတော့သူတို့တခါမှမကြုံဖူးတဲ့ အလွန်ကြီးမားလှတဲ့ Titanကြီးတကောင် ပေါ်လာချိန်မှာတော့…. File size… 2.3 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dr Nyan

ဇာတ်လမ်းအကြောင်း